20 (ငို​နေ​သောက​လေးငယ်​)

1.5K 99 19
                                    

ဒီ​နေ့တ​နေကုန်​ ည​ရောက်​ တဲ့အထိ မနားတမ်း​ပြေးလိုက်​လွှားလိုက်​နဲ့ ညစာမ​ပြောနဲ့ ​နေ့လည်​စာ​တောင်​​ကောင်း​ကောင်းမစားရ​သေး​ပေ။ နဲနဲ​လေးမှ​တောင်​မငြီးငြူရဲ​ပေ။ ​တော်​ကြာလူ​ရှေ့ သူ​ရှေ့မ​ရှောင်​ ​အော်​​ငေါက်​ခံရမှ အရှက်​ဟက်​တက်​ကွဲမည့်​ အဖြစ်​​ပေမို့ အခုလဲ yibo meeting ၀င်​​နေတုန်း မိမိကိုအပြင်​မှာ​စောင့်​​နေခိုင်းထားသည်​။ နာရီကိုကြည့်​​တော့ ည 9:30 ​တောင်​ရှိ​နေပြီ လူက​နေနိုင်​​ပေမဲ့ အလိုက်​မသိတဲ့ ဗိုက်​က​တော့မ​နေနိုင်​​ပေ ဆန္ဒ​တွေလဲအ​တော်​ပြ​နေပြီ အစာမစားရ​သေး၍ ဒီ​နေ့အဖို့နှလုံးအား​ဆေးလဲ မ​သောက်​ရ​သေး​သောအဖြစ်​။ ပထမဆုံး အလုပ်​စ၀င်​တဲ့ရက်​ ဒီ​လောက်​​မောင်း ဖို့လိုလို့လား မဟုတ်​မှလွဲ​ရော မိမိကို တမင်​လုပ်​ပြ​နေသလား​တောင်​ထင်​ရသည်​။

"ဒီ​နေ့ကျွန်​​တော်​တို့​တွေ့လိုက်​တာမှန်​သွားတယ်​ ဘယ်​ဆိုးလို့လဲ yibo ကလူငယ်​​ပေမဲ့ wang သူ​ဌေးကြီးရဲ့ ​ခြေရာကိုနင်းနိုင်​တာပဲ။ လုပ်​ငန်းအတွက်​​ရှေ့ဆက်​ လုပ်​​ဆောင်​ဖို့ ​ဆွေး​နွေးပြသွားတာ​တွေကသိပ်​​ကောင်းတယ်​ အကွက်​လဲ​စေ့တယ်​ အထင်​ကြီး​လောက်​ပါ​ပေတယ်​။ ဒီပုံစံအတိုင်းဆိုရင်​​တော့ yibo နားမှာသမီးရှင်​​တွေ​တော့ဝိုင်း​နေ​တော့မှာပဲ။ သတင်း​ကောင်းရှိရင်​ဦးတို့ကိုလဲ အသိ​ပေးအုန်း​နော်​"

"ဟာဦးကလဲ မ​နောက်​ပါနဲ့ ကျွန်​​တော်​အခုမှကြိုးစား​နေတုန်းအဆင့်​ပဲရှိပါ​သေးတယ်​။ ပါးပါး ​ခြေရာမှီဖို့က အ​ဝေးကြီးပဲလိုပါ​သေးတယ်​"

"​အေးပါ​အေးပါ.....ကဲစကား​ကောင်း​နေတာနဲ့​နောက်​​တောင်​ကျ​နေပြီ။ ဒါဆိုဦးတို့ ပြန်​လိုက်​အုန်းမယ်​ ​နောက်​မှ​တွေ့မယ်​ yibo ​မင်းအ​ဖေကိုလဲ ​မေးတယ်​​ပြောလိုက်​ပါအုန်း"

"ဟုတ်​ကဲ့ပါ ဦး"

"​အေး..... ​အေး...."

ဧည်​များအသီးသီးပြန်​သွားကျသည်​နှင့်​ ခုဏကပြုံး​နေ​သော yibo မျက်​နှာချက်​ခြင်း တည်​သွားကာ အ​အေးဓာတ်​များထုတ်​လွှတ်​​နေ​သော ကိုယ်​​ရောင်​ကိုဝါတို့ ပြန်​လွှမ်းခြုံသွားသည်​။

You've reached the end of published parts.

⏰ Last updated: Jan 27, 2020 ⏰

Add this story to your Library to get notified about new parts!

Love is . . . . . Where stories live. Discover now