18 (အလုပ်​သင်​​လေး ​ရှောင်းကျန့်​ )

970 79 5
                                    


ပထမဆုံး အလုပ်​တတ်​ရက်​ဖြစ်​​သော​ကြောင့်​ ​ရှောင်းကျန့်​ စိတ်​လှုပ်​ရှား ​နေသည်​။ သူ့အတွက်​ ​နေရာနဲ့ စားပွဲကို အတွင်း​ရေးမှူးမ​လေးက ပြထား​သော​ကြောင့်​ထို​နေရာ​လေးတွင်​ ​ရှောင်းကျန့်​ လွယ်​အိတ်​ က​လေးကိုချပြီးထိုင်​လိုက်​သည်​။ ​နောက်​ ၁၀ မိနစ်​​နေရင်​ သူ​ဌေးကသူ့ရုံးခန်း လာခဲ့ပါဟုထိုအတွင်း​ရေးမှူးမ​လေးကတဆင့်​ သူ့အား​ပြောခိုင်းလိုက်​သည်​။ ဒါ​ကြောင့်​ သူ​ဌေး​ခေါ်မဲ့အချိန်​ကို ​ရှောင်းကျန့်​ သူ့စားပွဲမှ​နေ​စောင့်​​နေမိသည်​။ ခဏအကြာ အ​တွင်း​​ရေးမှူးမ​လေးက

"၀င်​လာလို့ရပါပြီ"

"ဟုတ်​ကဲ့"

"လာညီထိုင်​"

ရှောင်းကျန့်​ အံ့သြသွားသည်​။ သူထင်​ထားသည်​က wang yibo ကို​တွေ့ရလိမ့်​မည်​လို့။ ဒါ​ပေမဲ့သူ့ကိုအင်​တာဗျူးခဲ့​သော အကိုပဲဖြစ်​​နေသည်​။

"ဟုတ်​ကဲ့အကို"

"ဒီ​နေ့အလုပ်​စတတ်​တဲ့ ရက်​​ပေါ့။ ညီက ​လော​လောဆယ်​ အကို့ရုံးခန်းထဲမှာ 1 လတိတိ training သ​ဘောမျိုးအလုပ်​ဆင်းရလိမ့်​မယ်​။ တကယ်​အလုပ်​လုပ်​ရမှာက ​နောက်​လမှ၊ ​နေရာက​တော့ ဒီဘက်​ရုံးမှာမဟုတ်​ဘူး အကိုတို့ရဲ့ wang group ပိုင်​တဲ့ ​နောက်​ထပ်​ရုံးတစ်​ရုံးမှာ hotel နဲ့ဆိုင်​တဲ့အလုပ်​အားလုံးကို အဲဒီညီသွားလုပ်​မဲ့ company ကကိုင်​တယ်​၊ အကိုတို့က​တော့ ဒီဘက်​ကတခြားစီးပွား​ရေး​တွေ​ပေါ့၊ business type ပဲကွဲသွားတာ အတွင်း​ရေးမှူးတစ်​​ယောက်​ရဲ့တာဝန်​က​တော့အတူတူပဲ ၁ လတိတိ​တော့ ဒီဘက်​က သင်​ယူစရာရှိတာ​တွေကိုသင်​ယူသွား ဟိုဘက်​​ရောက်​မှပြန်​အသုံးချ​ပေါ့။ အဆင်​​ပြေတယ်​မလား ညီ"

"ဟုတ်​အဆင်​​ပြေပါတယ်​ အကို"

"အာ.... အကို​မေ့လို့ အကို့နာမည်​က ၀မ်​ရွှီးချန်​ ပါ"

"ဟုတ်​ကဲ့ပါ အကို ကျွန်​​တော်​ မှတ်​ထားလိုက်​ပါ့မယ်​"

"အင်း ဒါဆိုသွားလို့ရပါပြီ"

"Su Su ​ရေ ​ရှောင်းကျန့်​ ကိုသင်​စရာရှိတာသင်​​ပေးထားလိုက်​၊ တဆက်​ထဲ အကို့ညီရဲ့ အ​ကြောင်းကိုသိသ​လောက်​ ​ပြောပြထားလိုက်​ပါအုန်း။ ဟိုဘက်​​ရောက်​​တော့သူ ပိုအဆင်​​ပြေတာ​ပေါ့"

Love is . . . . . Where stories live. Discover now