16 (အလုပ်​​လျှောက်​ခြင်း)

1.1K 116 9
                                    

ဒီလိုနဲ့ ​ရှောင်းကျန့်​ ​ကျောင်းပြီးသွားတဲ့ ၆ လအတွင်းသင်​တန်းများနှင့်​ ရှုပ်​ရှက်​ခက်​ကာမအားမလက်​ ဖြစ်​​နေ​တော့သည်​။ ​နေ​ရေးထိုင်​​ရေးအဆင်​​ပြေ​စေရန်​ ​ရေရှည်​အတွက်​ရည်​မှန်းကာ လူတစ်​ကိုယ်​စာအခန်းကျဉ်း​လေးကို ​ပေကျင်းမြို့၏ဆင်​​ခြေဖုန်း ရပ်​ကွက်​​လေးအတွင်းဌားရမ်း​နေထိုင်​မိ၏။ အခန်းက​လေးက ကျဉ်း​ပေမဲ့လူတစ်​ကိုယ်​စာအတွက်​​တော့အဆင်​​ပြေလှသည်​။ တိုက်​ခန်း​လေးက မြို့ထဲနှင်​လဲနီး၍သွား​ရေးလာ​ရေးအဆင်​​ပြေ ပြန်​သည်​။ ကျန်းချန်​ နဲ့လဲမ​တွေ့ရတာ သူတို့​ကျောင်းပြီးကထဲကဖြစ်​သည်​။ ​ရှောင်းကျန့်​ ကျန်းချန်​ တို့မိသားစုကို သတိရမိ​ပေမဲ့ ကိုယ်​ဆုံးဖြတ်​ထား​သောကိစ္စအတွက်​ ​နောက်​မဆုတ်​ချင်​သဖြင့်​​လော​လောဆယ်​ မ​တွေ့ပဲ​နေတာက အ​ကောင်းဆုံးဖြစ်​မည်​ဟု ခံယူထားသည်​။ ​တွေ့ဖြစ်​ရင်​မိမိဆုံးဖြတ်​ချက်​ကို ယိမ်းယိုင်​ ​စေ​သောစကားများကြားရမည်​စိုး၍ ​လော​လောဆယ်​ မ​တွေ့ပဲ​နေတာက အ​ကောင်းဆုံးဖြစ်​မည်​ဟု ဆုံးဖြတ်​လိုက်​သည်​။

ရှောင်းကျန့်​ မနက်​ဖြန်​ဆို အင်​တာဗျူး​ဖြေရ​တော့မည်​။ Wang Group ပိုင်​ company မှာအလုပ်​ရမှဖြစ်​မည်​။ မရခဲ့ပါကသူကြိုးစားထားသမျှအကုန်​ သဲထဲ​ရေသွန်​ဖြစ်​​တော့မည်​ အဲဒီလို​တော့အဖြစ်​မခံနိုင်​ပါ။ ကိုယ့်​ဘာသာကိုလဲ စိတ်​အားတင်းကာ မမြင်​နိုင်​​သောကံကြမ္မာကိုစိတ်​ပူမိသဖြင့်​ စိတ်​များလှုပ်​ရှားကာအိပ်​​ရွေ့ပင်​ မ​ပျော်​​တော့​ချေ။
(ကံတရားက ငါ့ဘက်​မှာရှိမှာပါ။ ​ရှောင်းကျန့်​ ကျားယို) ကိုယ့်​ဘာသာကိုယ်​အား​ပေးမိ​တော့သည်​။

Company မှဝန်​ထမ်း​ကောင်​မ​လေးက "ခဏ​နေရင်​အမှတ်​စဉ်​ 100 က​နေ အမှတ်​စဉ်
110 အထိဝင်​မယ်​​နော်​"
ဒီ​နေ့ အင်​တာဗျူး​ဖြေရ​မဲ့​နေ့မို့လို့ ​ရှောင်းကျန့်​ ​သေ​သေချာချာပြင်​ဆင်​ထားပြီး အင်​တာဗျူးလာ​ဖြေခဲ့သည်​။ ပုံမှန်​အ၀တ်​အစားကို​ပေါ့​ပေါ့ပါးပါး ၀တ်​ဖြစ်​​ပေမဲ့ အင်​တာဗျူး​ဖြေရမှာမို့ သပ်​သပ်​ရပ်​ရပ်​ ဖြစ်​​အောင်​၀တ်​လာခဲ့သည်​။ စိတ်​​တော့ကျဉ်းကြပ်​မိသည်​။ ပုံမှန်​ရာသီဥတုပူတာနဲ့​ချွေးပြန်​တတ်​​သောသူ အဖို့ရုံးယူနီ​ဖောင်းနဲ့ဆို​တော့ ​ချွေးများပြိုက်​ပြိုက်​ကျ​နေသည်​။ အင်​တာဗျူးတာ​ဖြေတဲ့လူအ​​ရေအတွက်​ကလဲများလှသည်​။ ထို့အပြင်​​ ​ယောင်္ကျား ​လေးဦး​ရေထက်​ မိန်းက​လေးကပိုများ​နေသည်​။ ဟုတ်​ပါသည်​ ဒီရာထူးအတွက်​​နေရာသည်​ မိန်းက​လေးများနှင့်​ပို၍သင့်​​တော်​လှသည်​။ အင်​တာဗျူးလာ​ဖြေသူမိန်းက​လေးများသည်​ အရည်​အချင်း က​တော့မည်​သို့မည်​ပုံရှိသည်​မသိ ရုပ်​ရည်​က​တော့ မင်းသမီး model ရှူံး​လောက်​​အောင်​လှကျသည်​။ ​ရှောင်းကျန့်​ သိထား​သောအတွင်းသတင်းအရ အခု​ရွေးချယ်​​သောအတွင်း​ရေးမှုးရာထူးသည်​ wang မိသားစုရဲ့ အငယ်​ဆုံးသား​လေးအတွက်​ ဖြစ်​သည်​။ ​ရှောင်းကျန့်​ အင်​တာဗျူး​ဖြေရန်​အတွက်​ အခန်းအတွင်းဝင်​၀င်​ခြင်း ၏မျှများပြားလှ​သောလူများထဲတွင်​ မိမိမှအ​ရွေးခံရပါ့မလား​တွေးပူမိသည်​။ အင်​တာဗျူး​ဖြေရန်​ အဆင့်​သုံးဆင့်​ထဲတွင်​ ပထမအဆင့်​ CV လက်​ခံအဆင့်​၊ ဒုတိယကျွမ်းကျင်​မှုစစ်​​ဆေးခြင်း၊ ​နောက်​ဆုံး လူ​တွေ့စစ်​​ဆေးခြင်းအဆင့်​။ ပထမအဆင့်​ကို ​ရှောင်းကျန့်​ ​အောင်​မြင်​ခဲ့​သော်​လဲ ယခု ဒုတိယအဆင့်​တွင်​​တော့ ​ချွေးပြန်​မိသည်​အထိစိုးရိမ်​ပူပန်​မိ​တော့သည်​။ အ​တွေးတို့​ရောက်​ရက်​ခက်​​နေစဉ်

Love is . . . . . Where stories live. Discover now