12 ​(​လေ့လာ​ရေး ခရီး 1)

976 78 3
                                    

ကျန်းချန်​ "ငါတို့ဒီလရဲ့​နောက်​ဆုံးပတ်​​လောက်​ကျရင်​ ​​နောက်​ဆုံးနှစ်​​ကျောင်းသား​တွေစုပြီး ခရီးသွားဖို့ရှိတယ်​​နော်​။ အဲဒါမင်းလိုက်​ဖြစ်​တယ်​မလား ​ရှောင်းကျန့်​"

"အင်း လိုက်​ဖြစ်​တယ်​​လေ။ အင်း​နော်​မင်း​ပြောမှ သတိရတယ်​ ခရီးသွားဖို့ဘယ်​​လောက်​မှ မလို​တော့ဘူး​နော်​။ ခရီးကပြန်​လာတာနဲ့ သိပ်​မကြာခင်​ final စာ​မေးပွဲကြီး​ဖြေရ​တော့မယ်​။ ​အော်​မကြာခင်​ အပူပင်​မရှိတဲ့​ကျောင်းသား ဘ၀​လေးပြီးဆုံး​တော့မှာပါလား​နော်​" ​ရှောင်​ကျန့်​​ပြောရင်းနဲ့ အ​ဆောင်​ပြတင်း​ပေါက်​ရဲ့ အပြင်​ဘက်​က​လေနု​အေးကိုရူရိုက်​ပြီးပင့်​သက်​ကိုရှိုက်​ထုတ်​လိုက်​မိသည်​။

ခရီးစဉ်​စတင်​​လေပြီ ​ရှောင်းကျန့်​ထင်​ထားသည်​က သူတို့ major က​ကျောင်းသားချည်း ပဲသွားရမည့်​ ​လေ့လာ​ရေးခရီး စဉ်​ဟုသာထင်​ခဲ့သည်​။ တခြား major မှ​ကျောင်းသား ​ကျောင်းသူများပါ ပါလိမ့်​မည်​ဟုထင်​မထားခဲ့။

"ကျန်းချန်​ ဒီမှာ တခြား major ကသူ​တွေပါ ပါတယ်​​နော်​၊ ဒါဆို...."

"အင်းငါသိပြီ မင်း​မေးမှာကို ငါသိတယ်​၊ မ​မေးနဲ့​တော့ပါတယ်​။ သူတို့ major ကသူ​တွေ
နောက်​ကားတစ်​စီးနဲ့လိုက်​လာမှာ ဒါ​ပေမဲ့မင်းရဲ့​မျှော်​လင့်​ခြင်းကြီးက​တော့ ပါမပါငါမသိဘူး"

"​သြော်​ဟုတ်​လား (၀မ်းနည်းသွားတဲ့အသံဖြင့်​) ငါလဲမ​မျှော်​လင့်ပါ ဘူး။ သူတို့က လူချမ်း သာ​တွေပဲဟာ ဒီလို​ကျောင်းကလုပ်​တဲ့ ​လေ့လာ​ရေးခရီး​လေးကို အပင်​ပန်းခံပြီးလိုက်​လာမယ်​လို့မထင်​ပါဘူးဟာ"

"လာသွားမယ်​ ​ရှောင်းကျန့်​ ​နောက်​ကျ​နေလို့ကား​ပေါ်မှာထိုင်​ခုံ ​ကောင်း​ကောင်း မရပဲ​နေမယ်​။ မင်းက ကား​နောက်​ပိုင်းမှာစီးရင်​ မူးတတ်​တယ်​မလား။ သွားမယ်​ သွားမယ်​"

ကျွန်​​တော်​​မျှော်​လင့်​​နေမိတယ်​ သူလိုက်​လာပါ​စေလို့။ ဒီလိုလွတ်​လွတ်​လပ်​လပ်​ ထပ်​​တွေ့ကျဖို့ဆိုတာ ​နောက်​ပိုင်းလွယ်​ချင်​မှလွယ်​မှာ သူဒီခရီးမှာ ပါပါ​စေ။ သူတို့အခုသွားတဲ့ ​ကျောင်းအလည်​ပတ်​ခရီးစဉ်​လေးက တရုတ်​ပြည်​ရဲ့ထင်​ရှားတဲ့မြို့​တွေထဲကတစ်​ခု ဖြစ်​တဲ့ Guizhou (​​ ​​ကွေ့ကျိုး) ကိုသွားကျခြင်းဖြစ်​သည်​။ Huangguoshu Waterfall (ဟွမ်​​ကောစု) ကလှလဲလှသလိုတရုတ်​တွင်​နာမည်​အကြီးဆုံး ​ရေတံခွန်​ ထဲကတခုအပါအ၀င်​ဖြစ်​သည်​။ ​ရှောင်းကျန့်​ သူမသွားခင်​​လေး အင်​တာနက်​စာမျက်​နှာ မှ ကိုယ်​သွားမဲ့​နေရာအ​ကြောင်းကို သိချင်၍ ​ရှာကြည့်​​တော့ ဒီ​ရေတံခွန်​ပုံကို မြင်​သည်​နှင့်​စိတ်​ထဲတမျိုးတမည်​ ခံစားလာရသည်​။ အရမ်းလဲသွားကြည့်​ချင်​လာသည်​။ ထို့​ကြောင့်​ဒီခရီးကို လိုက်​ဖို့ဆုံးဖြတ်​လိုက်​ခြင်း ဖြစ်​သည်​။

Love is . . . . . Where stories live. Discover now