19 (ပြန်​လည်​​တွေ့ဆုံခြင်း)

785 65 3
                                    


ရှောင်းကျန့်​ ဒီတခါသူတကယ်​အလုပ်​လုပ်​ရမည့်​ company ​ရှေ့သို့​ခြေချမိလိုက်​သည်​နဲ့ ခန္ဓာကိုယ်​ ကအား​တွေဘယ်​စီ​ရောက်​သွားမှန်းမသိ ​ခြေနှစ်​ဖက်​ကလဲ လမ်းပင်​ဆက်​​လျှောက်​ဖို့အား​တောင်​မရှိချင်​​တော့ လက်​ဖ၀ါးနှစ်​ဖက်​ကလဲ ​ချွေး​စေး​တွေပင်​ပျံလာသည်​။ (​နေပါအုန်း ငါအခု​ကြောက်​ဒူးတုန်​​နေတာလား၊ အရူးလား။ သူလဲ​ယောက်​ကျာင်္း မင်းလဲ ​ယောက်​င်္ကျားပဲ ဘာ​ကြောက်​စရာရှိလဲ။ သွားမယ်​ဒီ​နေ့ရုံးတတ်​ရက်​မှာ ငါ​နောက်​မကျချင်​ဘူး။ သွားမယ်​ ​ရှောင်းကျန့်​ ကျားယို)

ရှောင်းကျန့်​ မျက်​မှန်​ ​လေးကိုပင့်​တင်​ရင်း လက်​နှစ်​ဖက်​ကလဲ လက်​သီးဆုတ်​ကာ ကို့ကိုယ်​ကိုယ်​အား​ပေးရင်း စကားများတစ်​​ယောက်​ထဲတီးတိုး​ပြောကာ သူအလုပ်​လုပ်​ရမည့်​ ရုံးခန်းရှိရာ ၁၀ လွှာသို့ဓာတ်​​လှေကားက​နေတတ်​လာခဲ့သည်​။

ရုံး​ရောက်​​တော့ 8:30 ပဲရှိ​သေး၍လူမစုံ​သေး၊ yibo ပင်​မ​ရောက်​​သေး။

"အင်း သူရုံးမ​ရောက်​​သေးဘူးပဲ၊ ငါပြင်​ဆင်​စရာရှိတာပြင်​ဆင်​ထား​ပေးလိုက်​မယ်​။ ဒါ​ပေမဲ့ ​လော​လောဆယ်​ ငါဘယ်​မှာထိုင်​ရမှာလဲ၊ ငါ့အလုပ်​စာပွဲကဘယ်​ မှာလဲမသိဘူး"

ရှောင်းကျန့်​ ရုံးထဲက​တွေ့တဲ့​ကောင်​မ​လေးတစ်​​ယောက်​ကိုသူက ဒီ​နေ့ မှအသစ်​​ရောက်​လာတဲ့ အတွင်း​ရေးမှူးဖြစ်​​ကြောင်း နဲ့ဘယ်​​နေရာမှာထိုင်​ရမလဲဆိုတာပါ​မေးလိုက်​သည်​။

"အင်းအကိုက သူ​ဌေးရုံးခန်း​ရှေ့က ​နေရာမှာထိုင်​ရမယ်​ထင်​တယ်​ အရင်​အတွင်း​ရေးမှူးလုပ်​တဲ့တစ်​​ယောက်​က​တော့ အဲဒီမှာထိုင်​တာပဲ၊ လာညီမ တခါထဲလိုက်​ပြလိုက်​မယ်​။ ဒီ​နေရာအကို သူတို့ အကို့အတွက်​ဘယ်​လိုစီစဉ်​​ပေးထားလဲ​တော့မသိဘူးရှင့်​။ ​လော​လောဆယ်​ ​တော့ဒီမှာခဏထိုင်​လိုက်​​နော်​။ အာ.......​မေးဖို့​မေ့သွားတယ်​ အကို​နာမည်​က....."

"​သြော်​.......ဟုတ်​ကျွန်​​တော့်​နာမည်​က ​ရှောင်းကျန့်​ ပါ"

"ညီမနာမည်​က မိန်​မိန်း ပါ။ ညီမဒီ company မှာအလုပ်​လုပ်​တာ တစ်​နှစ်​ပြည့်​သွားပြီ​လေ။ ဒါနဲ့အကို ​ချောတယ်​​နော်​ ချစ်​စရာ​လေး ညီမအိမ်​မှာ​မွေးထားတဲ့ ယုန်​ဖြူ​လေးနဲ့တူတယ်​"

Love is . . . . . Where stories live. Discover now