ကားပေါ်မှ ကျောင်းသားတွေ ပင်လယ်ပြင်ကြီးကိုမြင်ပြီးသကာလ
"ရေး........ရောက်ပြီကွ၊ ဟေ့ကောင်တွေထကျတော့ မင်းတို့အထုတ်တွေမြန်မြန်အခန်း ထဲသွားထားပြီး ကမ်းခြေကိုဆင်းလာခဲ့ကျတော့။ ငါတို့ ရေကူးကျမယ်ပြီးရင် ဓာတ်ပုံ တွေရိုက်ကျမယ် မြန်မြန်လုပ်နော် နောက်ကျရင်မစောင့်ဘူး "
ရှောင်းကျန့် ထိုင်ရာမှထကာ ကားပေါ်မှ အထုတ်ဆွဲပြီးဆင်းရန်ပြင်လိုက်စဉ်
"ဒီမှာ မင်းနဲ့ငါ တစ်ခန်းထဲ၊ လွီဟိုက် က မင်းသူငယ်ချင်းနဲ့ပဲတစ်ခန်းထဲ အတူနေလိမ့်မယ်"
ရှောင်းကျန့် အံ့သြသွားသလို မျက်နှာအမူအရာနှင့်စိတ်ရှုပ်ထွေးသွားဟန်ခေါင်းတို့ကုတ်နေမိတော့သည်။ ဟုတ်တယ်လေ သူ့ကိုစကားလာပြောတာတောင်မပြောချင်ပြောချင်ပုံစံ နဲ့လုပ်ပြနေနဲ့ အချေကိုယ်တော်ကြီး Wang Yibo ပုံစံကိုကြည့်ပြီး ဒီလောက်တော့ဟန်စောင်ပြရပေမည် ကိုယ့်ဘက်ကသိပ်ပြီးလိုလားဟန်ပြနေရင် အလကားနေအထင်သေးလာနိုင်သည်မို့ ဟန်ဆောင်ပန်ဆောင်လေးတော့မူပြရပေမပေါ့။ ဒါပေမဲ့ ရှောင်းကျန့် ရဲ့အတွင်းစိတ်မှာတော့ အရမ်းပျော်နေတာကို ရှောင်းကျန့် ကိုယ်တိုင်မှလွဲ၍မည်သူမျှသိနိုင်မည်မဟုတ်ပေ။ (ငါနောက်ထပ်တစ်ည သူနဲ့အတူထပ်ရှိရတော့မယ် ပျော်လိုက်တာ။ မိုးနတ်မင်းရယ် ကျေးဇူးတင်တယ်သိလား)
ရှောင်းကျန့် Yibo နောက်လိုက်ခဲ့ပြီး သူတို့နှစ်ယောက်အတွက်အခန်းထဲဝင်လာခဲ့သည်။ အထုတ်အပိုးများချကာ အခန်းထဲခဏ၀င်ပြီး ကိုယ်လက်သန့်စင်ကာ အပြင်ပြန်ထွက်လာခဲ့သည်။ အပြင်ထွက်ရန်အ၀တ်အစားလဲနေသော yibo ကို ရှောင်းကျန့် ငေးကြည့်နေမိသည်။ (ဒီကောင် ငါအင်္ကျီလဲတာကိုဘာလို့လာကြည့်နေတာလဲ ဘယ်လိုတောင်ရိုင်းတာလဲ၊ တော်ပါပြီဒီကောင်နဲ့ဖက်ရန်ဖြစ်နေလဲ ငါ့ကိုသူများတွေက အားနည်းသူကိုအနိုင်ကျင့်တဲ့ငကြောင်ဆိုပြီးပြောနေအုန်းမယ်။ နောက်ဆုံးငါအော်တာပဲလူကြားမယ် ဒီကောင်အနုနည်းနဲ့ ငါ့လာဒေါသထွက်အောင်လုပ်တာဘယ်သူမှသိမှာမဟုတ်ဘူး) Yibo သက်ပြင်းအရှည်ကြီးချပြီး ရေကူးရန်ကမ်းခြေဘက်ထွက်လာခဲ့သည်။
YOU ARE READING
Love is . . . . .
RomanceYibo + Zhan Zhan အချစ်ဆိုတာ ဘာလဲ? ကျွန်တော့်ကို ကျွန်တော်တောင် လူတစ်ယောက်ကိုဘယ်လိုချစ်မိသွားမှန်းမသိလိုက်ဘူး။ ဒီလူကြောင့် ပျော်ရွှင်ရသလို ဒီလူကြောင့် နှလုံးသားတွေ နာကြင်ရတယ် ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်...