11 (လမ်းစရှာခြင်း ၂)

1.9K 113 8
                                    

          ဒီနေ့ သူတို့ Major မှာ Business Management ဘာသာရပ်သင်ယူ ရမည့်အချိန်တချိန်ပါဝင်နေသည်။ ဘာသာရပ်က သူတို့ Major ရဲ့ Main Subject ထဲတွင် တော့မပါဝင်ပေ။ ဒါပေမဲ့လဲ အရေးတော့ ကြီးလှသည်။ သူတို့ Art Design ပိုင်းကလူတွေ Management Major ကလူတွေနဲ့အတူပူး ပေါင်းသင်ရမည့်နေ့ဖြစ်သည်။ ရှောင်းကျန့် သူ့ပုံအတိုင်းဆို စိတ်ဝင်တစားတတ်ဖြစ်မှာမဟုတ်။ အဲဒီ Major က လူတွေက ကိန်းကြီးခန်းကြီးနိုင် တယ်လို့ထင်မိတာလဲပါသည်။ ဒါပေမဲ့ ဘယ်လောက်ပဲကိန်းခန်းကြီးနေပါစေ သွားတတ်ကိုတတ်ရမဲ့ အကြောင်းပြချက်က ရှိနေပြီ ဒီအချိန် နတ်မင်းကြီး ကဆင်းတားရင်တောင် မရရအောင်သွားရမည့်အခြေအနေ။ ကမ္ဘာပေါ်မှာ သူအတွေ့ချင်ဆုံးသူက အဲဒီနေရာမှာလေ မသွားလို့ဘယ်ရမလဲ။ တစ်ယောက်သောချစ်ရသူ ပါနေ၍ စာသင်ခန်းထဲသို့ အပြေးအလွှား ရောက်သွားတော့သည်။

          ရှောင်းကျန့် စာသင်ခန်းသို့ရောက်သည်နှင့် သူတွေ့ချင်သောသူကိုရှာ၍ အနီးကပ်ဆုံး မျက်စောင်းထိုးခုံလေးကိုနေရာယူကာ ငမ်းကြောထရန်ပြင်ရတော့သည်။ (အမလေး ဆရာရှောင်းရယ် ပင်ပန်းလိုက်တာ) ပုံမှန်ဆို ကျန်းချန်ဘေးနားမှာ သူထိုင်နေကျ ဒါပေမဲ့ ဒီတခါတော့ . . . . . .

          သင်ခန်းစာစလေပြီ ကိုယ်တော်လေးကအရှေ့က ဆရာစာသင်နေသည်ကိုစိတ်ပါဝင်စား စွာနားထောင်နေသည်။ သူကတော့ သင်ကြား
ရေးမှာအာရုံမရှိ အာရုံရှိသည်က . . . . .
သူဘယ်လိုလုပ်ရမည်နည်း ဒီကိုယ်တော်လေးနဲ့ ရင်းနှီးအောင် ပေါ်တင်ကြီး စကားသွားပြောရင်လဲ နဂိုကထဲက အမြင် မကြည်ပါဘူးဆိုတာကို ပိုဆိုးသွားနိုင်သည်။ ဒီကိုယ်တော်လေးက အတော်လေး ပေါင်းရသင်းရခက်မည့်ပုံ။
အင်းပေါ့လေ အရင်ဘဝက လန်ကျန့် သည်​လဲ လွယ်ကူ နေတာမှ မဟုတ်တာ။ တလောကလုံး သူ့လုပ်စာ အလကားထိုင်ကျွေးထားတဲ့မျက်နှာနဲ့ အေးစက်နေသောမျက်ဝန်းများမှာလဲ သူ့အိမ်မက်ထဲက လန်ကျန့် လိုမျိုးနွေးထွေးမှုကိုတစိုး တစိမျှမတွေ့ရ။ (ငါ့ဟာက ဇာတ်လမ်းက စတောင် မစရသေးဘူး တိုက်ပွဲမရောက်ခင် မြှားကုန်နေပါရောလား။ ကြံစမ်းပါအုန်း ဒီဦးနှောက်ကလဲ အရေးအကြောင်းဆို ထွက်မလာဘူး) စဉ်းလဲ စဉ်းစား ခေါင်းတွေလဲ တဗျင်းဗျင်း ကုတ်နေသော သူ့ကို ဆရာတွေ့သွားပြီး

Love is . . . . . Where stories live. Discover now