05 (သူ နဲ့ စုံစည်းခြင်း ၁)

1.6K 141 1
                                    


အဆောင်တံခါးဖွင့်ဝင်လိုက်တာနဲ့ မနက်က ညီအကိုနှစ်ဦးနဲ့တိုးပါလေရော။ ကျန်းချန် ကဘယ်သူလဲ ဆိုတဲ့ မျက်နှာထားနဲ့ မေးဆက်ပြ
လေတော့

ရှောင်းကျန့်

'' ဒါက စစ်ကျွေး ဒါက ဝမ်းနင်း သူတို့က ညီအကိုတစ်ဝမ်းကွဲတော်တယ်။ မနက်က ငါပြောတယ် လေမင်းကို ငါတို့ အခန်းထဲ လူသစ် နှစ်ယောက် ရောက်လာတယ်လို့''

ကျန်းချန်

'' သြော်အေး အေးဟုတ်တယ် ငါမေ့သွားလို့။
ဟုတ် ကျွန်တော်က ကျန်းချန် ပါတွေ့ရတာဝမ်းသာပါတယ်''

ရှောင်းကျန့် မသိမသာ မျက်နှာတွန့်မိသွားတယ်။ ဟွန်း ငါ့ဆို အဲ့လေသံနဲ့တခါမှမပြောဘူး မသိတဲ့ တစိမ်းတွေဆို လေသံက သာယာနေတာပဲ လူကြီးလူကောင်းပုံစံနဲ့ ငါ့ကျတော့ အဒေါ်
အပျိုကြီးပုံစံနဲ့ စကားပြောတယ် အရပ်ကတို့ရေကောင်းကျသေးရဲ့လား ........

ကျန်းချန် ကဆက်ပြီးတော့ ''ဒါနဲ့ မင်းတို့က လူသစ်တွေဆိုတော့ တချို့နေရာတွေဆို သိအုန်းမှာ မဟုတ်သေးဘူး။ ဒီလိုပဲ နောက်တော့လဲ အဆင်ပြေသွားမှာပါ။ အခုနေ့လည်စာ စားပြီးကျ
ပြီလား အကိုတို့ကတော့ စားပြီးပြီ။ ဒါနဲ့မင်းတို့ကဘယ် Major ကလဲ ငါတို့ကတော့ Modern International Art Design
ပိုင်းက''

ဝမ်းနင်

''ဟာဟုတ်လား ဒါဆိုအဆင်ပြေတာပေါ့
ကျွန်တော်နဲ့ Major အတူတူပဲ။ နောက်ဆို မသိတာရှိလဲ senior ဖြစ်တဲ့ အကိုတို့ကိုမေးလို့ရတာပေါ့''

စစ်ကျွေး

'' ကျွန်တော်ကတော့ IT က အကိုတို့နဲ့ မတူပေမဲ့ ကျွန်တော့်မှာလဲ သူငယ်ချင်းများများစားစား မရှိဘူး ဒါကြောင့် အကိုတို့နဲ့ပဲ နောက်ဆိုတတွဲတွဲလုပ်မယ်လေနော်''

ကျန်းချန်

'' ရပါတယ်ကွာ ငါတို့ကခင်တတ်ပါတယ် Major မတူပေမဲ့ IT ဆိုတာကလဲ ခေတ်ရေစီး
ကြောင်းအရ စိတ်ဝင်စားဖို့ကောင်းတာမို့ ပညာရပ်ချင်းဖလှယ်လို့ရတာပေါ့'' စသည်ဖြင့် ဗလာဗလာ ဆုံးမသြဝါဒခြွေနေလေရဲ့ ဟင့်အပျိုကြီးတို့က ဝသီ ကိုကမပျောက်ဘူးနည်းနည်းလေး ဆရာလုပ်လိုက်ရမှ။

Love is . . . . . Where stories live. Discover now