10 (လမ်းစရှာခြင်း 1)

1.4K 107 1
                                    

သူတက္ကသိုလ်ကျောင်းဝန်းအတွင်းခြေချချခြင်း ''Wang Yibo ကိုတွေ့မိလား။
Wang Yibo ကိုတွေ့မိလား '' နဲ့ အရူးတစ်
ယောက်လို မြင်သမျှလူကိုလိုက်မေးတော့သည်။

ကျောင်းသား '' တွေ့မိတယ်အကို သူစာကြည့်တိုက်ထဲမှာရှိတယ်''

ရှောင်းကျန့် '' ကျေးဇူးပဲကွာ ငါ့ညီ'' ဟုဆိုကာအပြေးတပိုင်းနှင့်စာကြည့်တိုက်ရှိရာစီ . . . . .

စာကြည့်တိုက်ရဲ့ စာအုပ်စဉ်ရှိရာပတ်ရှာရင်း တွေ့ပါပြီ တိတ်ဆိတ်တဲ့ ဒေါင့်တနေရာမှာ
စာအုပ်ထိုင်ဖတ်နေတဲ့ Wang Yibo။
ရှောင်းကျန့် ဝမ်းသာအားရပြေးဖတ်ဖို့ ခြေလှမ်း
တို့ပြင်ပြီးကာမှ အသိစိတ်ရဲ့ စေ့ဆော်မှုကြောင့်
သတိဝင်လာကာ '' ငါသူ့စီ သွားပြီးဘာပြောမှာလဲ။ ငါမင်းကို နောက်ဆုံးတော့ရှာတွေ့သွားပြီ ငါ့အိမ်မက်ထဲက မင်းသာလေး။ မင်းက ငါ့အတိတ်ဘဝတုန်းက ချစ်ရသူပါလို့သွားပြောမလို့လား။ ငါ့ကိုယ် ငါတောင် ဒီဖြစ်ရပ်ကို တော်တော် နဲ့
လက်မခံနိုင်ခဲ့တာ။ သူ့လို မာနကြီးတဲ့ သူက ငါပြောတာကိုဘယ်လိုစိတ်နဲ့များယုံကြည်ပေးမှာတဲ့လဲ။ အင်းအချိန် တွေအများကြီး ကျန်ပါသေးတယ် ရှောင်းကျန့် မင်း ကြိုးစားဖို့ အချိန်တွေအများကြီးရှိပါသေးတယ်'' ပျော်ရွှင် ဝမ်းနည်းမှုနဲ့အတူဝေ့တတ်လာတဲ့ မျက်ရည်စတို့ကို ရှောင်းကျန့်ခက်ပြင်းပြင်း သုတ်ကာ စာအုပ်စဉ်နောက်မှာပုံးရင်း အရင်ဘဝက သူ့ကို အရမ်းချစ်ပြီး ကြင်နာခဲ့သော သူကလဲ အရာအားလုံးထက်ပိုချစ်ရ
သောသူ
'' လန်ကျန်ံး ငါမင်းစီ ရောက်အောင်လာခဲ့မယ်။
ဘယ်လိုအခက်ခဲရှိ ရှိငါစွန့်လွှတ်ပြီး မင်းစီပြန်လာခဲ့မယ်'' ဟုစိတ်ထဲက ကိုယ့်ဘာသာကိုယ်
တွေးရင်း ကြည်နူးမိတော့သည်။

wang yibo ဒီနေ့စာကြည့်တိုက်မှာ
အတော်နောက်ကျသည်အထိ စာဖတ်မိသည်။ ဖတ်ပြီးသွားသည်နှင့် အဆောင်သို့တိုက်ရိုက်
လမ်းလျှောက်ကာပြန်ခဲ့သည်။ အဆောင်ပြန်တဲ့လမ်းတလျှောက် လူတစ်ယောက် သူ့အနောက်ကနေလိုက်လာတဲ့ခံစားချက် မျိုးရမိသည်နှင့်နောက်လှည့်ကြည့်မိ သည်။ ဘယ်သူ့ကိုမှမတွေ့။ သူ့စိတ်ထင်နေတာပဲဖြစ်မှာပါဟုဆိုကာ
အဆောင်ကိုသာပြန်ခဲ့သည်။

Love is . . . . . Where stories live. Discover now