စာသင်ရင်းနဲ့အာရုံမစိုက်နိုင်တော့ မနက်ထဲက ဘာမှမစားထားသော ဗိုက်ဟောင်းလောင်းကဆန္ဒာပြလေပြီ။ ဗိုက်ထဲက အသံမျိုးစုံထွက်နေ၍ ကျန်းချန် ကမျက်စောင်းတထိုးထိုးနဲ့ နဲတောင်နဲသေးတယ်ဟုပြောနေသယောင်ယောင်။ ဒါနဲ့ ကျွန်တော်ကလဲ အင်း ထမင်းစားချိန် ရောက်တော့မှပဲ ကန်တင်းမှာအဝအပြဲ စားတော့မယ်ဟုတွေးလိုက်တယ်။ နောက်ထပ်1 နာရီလောက် ထပ်သည်းခံ ရှောင်းကျန့် ပြီးတာနဲ့ ငါမင်းကို ခေါင်းမဖော်တန်း စားခိုင်းမယ်ဟု ကိုယ့်ဘာသာကိုတွေးရင်းနဲ့ ပြောလိုက်တယ်။သိပ်မကြာပါဘူး နေ့လည်စာ စားချိန်ရောက်လာတော့ အဝအပြဲစားတော့တာပေါ့။ ကျန်း မမ ကတော့ ''ဖြေးဖြေးစား အစာနင်လို့ သေတဲ့မသာ ဆိုပြီး လူကြားမကောင်း ဖြစ်နေအုန်းမယ်'' Fuck! သူပြောလိုက်မှ ပဲစားနေတဲ့ အစာတောင် အတောင့်လိုက်ပြန်ထွက်ချင်သွားတယ်။
ရှောင်းကျန့် ''မင်း ဒီထက်စကားကို ချိုချိုသာသာပြောလို့ မရတော့ဘူးလား''
ကျန်းချန် '' မရဘူး''
ရှောင်းကျန့် '' အေးပြီးတာပဲ။ ဒါနဲ့ ငါမင်းကိုပြောဖို့မေ့နေတာ... မနက်က ငါကျောင်းခန်းထဲ ဝင်လာတုန်းက လူတစ်ယောက်ကိုဝင်တိုက် မိသွားတယ်။ တော်တော် ပြင်းသွားတယ်ထင်တယ်။ ငါ့ကိုလဲတင်းသွားပုံရတယ်။''
ကျန်းချန် '' အဲဒီတော့! ''
ရှောင်းကျန့် '' ငါလိုက်ရှာပြီး တောင်းပန် ရမှာပေါ့ ''
ကျန်းချန် '' သေလေ မင်းအဲဒီမှာ သေလိုက်လေ။ ဟမ် မင်းဒီလောက် ကျောင်းအကျယ် ကြီးထဲမှာ ဘယ်လိုလိုက်ရှာမှာလဲ။ နာမည်ဘယ်သူ ဘယ် Major ကလဲတောင် မသိတာ မင်းဘိုးတော် မို့လို့ရှာတွေ့မှာလား။ မင်းနယ်က အထက်တန်းကျောင်းလေးများထင်နေလား။''
ရှောင်းကျန့် '' အေးလေနော် ဟုတ်သားပဲ ငါက သူဘယ်သူလဲ ဆိုတာမှ မသိတာ''
ကျန်းချန် '' ဒါကြောင့် မင်းကို စပ်စလူး ငနုံ လို့ပြောတာ။ စပ်စလူး ကလဲထသေး တုံးကလဲတုံး သေး လည်ချင်တဲ့ အချိန်ကတော့လဲ သူ့အပြင်မရှိဘူး။ ငါတော့မင်းကိုရင်လးတယ်။''
သူတို့နှစ်ယောက် စကားကောင်းနေတုန်း ဘေးနားကကောင်မလေးတွေ အများကြီးပြေးထွက်လာပြီး '' ဟယ်ဟိုဘက်နားမှာ ဝမ်သူဌေးလေး Baskeball ကစားနေတယ်တဲ့ သွားကြည့်ရအောင် လာမြန်မြန်လာ ဘယ်သူနိုင်မလဲ မသိဘူး။ ငါကတော့သူ့ဘက်ကလောင်းတယ်။ ဟဲ့သေချာလှချည်လား။ ဟာနင်ကလဲ မကြားဘူးဘူးလား။ သူက perfect boy လေ။ ဘယ်လို?
သူက အားကစား ပညာရေး ချမ်းသာမှု ရုပ်ရည် ဘာတစ်ခုမှပြောစရာမလိုအောင် ပြည့်စုံလွန်းသူလေ။ နစ်တိုင်း ငါတို့ တက္ကသိုလ် မှာ king ရွေးတိုင်းအမြဲတမ်း နံပတ် 1 ချိတ်နေကျလေ။ အရင်တုန်းကတော့ သူ့အကိုပေါ့ဟာ သူ့အကိုကျောင်းပြီးသွားတော့ သူ့ညီက ဒီရာထူးကို အလိုလို လက်ခံရသွားတာပဲလေ။ ပြောရရင် သူတို့တစ်မျိုးလုံးက အချောအလှတွေပဲ။ သူဆိုတာကလဲ မိန်းကလေးတွေအသည်းစွဲပဲလေ။ ဒါပေမဲ့ ဒါပေမဲ့ ဘာဖြစ်လဲ? ဒါပေမဲ့ ကံမကောင်းတာက သူက အချေကိုယ်တော်ဖြစ်နေတယ် ဘယ်လောက်ချောတဲ့ မိန်းကလေးဖြစ်နေပါစေ လှည့်ကိုမကြည့်တာ စကားလဲ သိပ်များများ မပြောဘူး။ အရယ် အပြုံးလဲ နည်းတယ်။ ငါဆို တခါမှကိုမမြင်ဘူးဘူး။ သတိထားမိသလောက်ဆို သူဘယ်မိန်းကလေး ကိုမှ မတွဲဘူးဘူး။ ဟင် အဲဒီလောက်တောင်! အေးဆို...''
YOU ARE READING
Love is . . . . .
RomantizmYibo + Zhan Zhan အချစ်ဆိုတာ ဘာလဲ? ကျွန်တော့်ကို ကျွန်တော်တောင် လူတစ်ယောက်ကိုဘယ်လိုချစ်မိသွားမှန်းမသိလိုက်ဘူး။ ဒီလူကြောင့် ပျော်ရွှင်ရသလို ဒီလူကြောင့် နှလုံးသားတွေ နာကြင်ရတယ် ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်...