17 (​ပျော်​ရွှင်​ခြင်း)

598 61 0
                                    

"Hello! ဟုတ်​ကဲ့ ကျွန်​​တော်​ ​ရှောင်းကျန့်​ ပါ၊ ဘာ..........ကျွန်​​တော်​ အင်​တာဗျူး​အောင်​တယ်​လား။ ဟုတ်​.........ဟုတ်​​ကျေးဇူးတင်​ပါတယ်​။ ကျွန်​​တော်​ဘယ်​​နေ့​လောက်​ အလုပ်​စဆင်းရမလဲ ​နောက်​တပတ်​၊ ဟုတ်​ကဲ့ ​နောက်​တပတ်​ 9:00 နာရီ အ​ရောက်​လာခဲ့ပါ့မယ်​။ ဖုန်းဆက်​​ပေးလို့​ကျေးဇူးတင်​ပါတယ်​ခင်​ဗျား.............. "

"​ရေး..........ငါ အင်​တာဗျူး​အောင်​တယ်​၊ ​ပျော်​လိုက်​တာ။ လန်​ကျန့်​ ​ရေမင်းနဲ့ပြန်​​တွေ့ရ​တော့မယ်​ကွ ​ပျော်​လိုက်​တာ။ ကျန်းချန်​၊ ကျန်းချန်​ သူ............သူ. ကို​ပြောပြရမယ်​။ ဟုတ်​တယ်​​ပြောပြရမယ်​"

ရှောင်းကျန့်​ အရူး တစ်​​ယောက်​လို စိတ်​လှုပ်​ရှား မှုအပြည့်​နဲ့ခုန်​​ပေါက်​​နေမိ​တော့သည်​။ ချက်​ခြင်းတိုက်​​အောက်​​ပြေးဆင်းကာ ကျန်းချန်​ ကိုရှာရန်​ ကျန်းချန်​ တို့အိမ်​ကိုထွက်​လာခဲ့သည်​။

"အန်​တီ​ရေ.........အန်​တီ ကျန်းချန်​ ရှိလား........ကျန်းချန်​ရှိလား "

"သား ​ရှောင်းကျန့်​ ဘာဖြစ်​လာတာလဲ။ မ​တွေ့တာ​တောင်​ကြာပြီ၊ ပိန်​သွားလိုက်​တာက​လေးရယ်​။ သားရဲ့ ပါး​ဖောင်း​ဖောင်း​လေး​တွေ​တောင်​ မျက်​နှာမှာမရှိ​တော့ဘူး။ ကျန်းချန်​လား သူ့အခန်းထဲမှာရှိတယ်​။ တက်​သွားလိုက်​​နော်​"

"ဟုတ်​.........ဟုတ်​" ဆိုပြီး ​ရှောင်းကျန့်​ အိမ်​​ပေါ်ကို​ပြေးတတ်​သွားသည်​။

"ကျန်းချန်​​ရေ..........ကျန်းချန်​ ငါအင်​တာဗျူး​အောင်​တယ်​သိလား။ ငါ wang compang မှာအလုပ်​လုပ်​ရ​တော့မယ်​သိလား။ မင်းငါ့အစားမ​ပျော်​ဘူးလား........ဟမ်
မ​ပျော်​ဘူးလားလို့" ​ရှောင်းကျန့်​ ကျန်းချန်​ ကိုဖက်​ပြီး​မေးလိုက်​မိသည်​။

"မင်းအဲဒီ​လောက်​​တောင်​​ပျော်​လား" ဟု ကျန်းချန်​ ​မေးလိုက်​သည်​။ သူ့မျက်​စိ​ရှေ့တွင်​ က​လေးတစ်​​ယောက်​လိုခုန်​​ပေါက်​ပြီး၊ မျက်​၀န်းမှပုလဲမိုးများကျသည်​အထိ ​ပျော်​ရွှင်​​နေ​သောသူငယ်​ချင်းကိုစိတ်​မ​ကောင်းဖြစ်​မိသည်​။ သူ​ပြောလိုက်​ချင်​သည်​ ​မျှော်​လင့်​လွန်းရင်​ ​မျှော်​လင့်​တဲ့အတိုင်းဖြစ်​မလာခဲ့ ရင်​ မင်းအရမ်းခံစားရလိမ့်​မယ်​ဆိုပြီး။ ဒါ​ပေမဲ့ ဘယ်​လို​ပြောထွက်​မှာလဲ ဒီ​လောက်​အပြစ်​ကင်းစွာ ယုန်​​သူငယ်​​​လေးလို ဖြူစင်​စွာ​ပျော်​​နေတဲ့ သူ့သူငယ်​ချင်းကို ဒီလိုစိတ်​ပျက်​သွား​စေမဲ့စကားမျိုးကို ဘယ်​လိုအင်​အားနဲ့​ပြောရမှာလဲ။

Love is . . . . . Where stories live. Discover now