ကျွန်တော့်နာမည် ရှောင်းကျန့် သူငယ်ချင်းတွေ ကြားထဲမှာတော့ ကျွန်တော်က စပ်စလူးနတ်ပူး တစ်ကောင်ပေါ့။ အစအနောက်သန်လို့ တချို့ဆိုနာမည်တောင်မခေါ်ဘဲ စပ်စလူး လို့ ခေါ်ကျတယ်။
ကျွန်တော့မိဘတွေကတော့ မရှိကျတော့ဘူး။ ကျွန်တော်အလယ်တန်း လောက်ကပဲ ကား accident နဲ့ ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကျတယ်။ တကယ်ဆိုကျွန်တော်လဲ တခါထဲသေရမှာ မှန်ပေမဲ့ကားတိုက်မှုဒဏ်ကြောင့် ထိခိုက်သွားတဲ့ နှလုံးနေရာမှာ ပါးပါး နှလုံးကိုနေ့ချင်းညချင်း အစားထိုးလိုက်ရတယ်။ သူများတွေကတော့ပြောကျတယ် သားလေးကံကောင်းတယ်တဲ့ ကျွန်တော်မေးချင်တာက တကောင်ကြွက်ဖြစ်သွားတဲ့ ကျွန်တော်က ဘယ်လိုကံကောင်းနေတာလဲ/ ကို့ခန္ဓာထဲမှာ အဖေတစ်ယောက်လုံးရဲ့နှလုံးသားနဲ့ အသက်ဆက်ရှင်နေရတာကိုကံကောင်းတယ်ပြောတာလား။ ဒါဆိုလောကကြီးက မတရားရယ်။
နှလုံးခွဲစိတ် ပေးခဲ့တဲ့ဆရာဝန်ကြီးကတော့ပြောတယ် ''မင်းနှလုံးက အစားထိုးထားတာ
ဖြစ်လို့ ဘယ်လိုမှ နဂိုမူလလို အကောင်းမဖြစ်နိုင်ဘူးတဲ့ အသက်ရှည်ရှည်နေချင်ရင် ပျော်အောင်နေရမယ်။ ဖြစ်နိုင်ရင် ကမ္ဘာပေါ်မှာအပျော်ဆုံး လူတစ်ယောက်လိုမျိုးနေရမယ်။ အဲဒါတနည်းအားဖြင့် မင်းကို နလုံးသားအစားထိုးပေးခဲ့တဲ့ မင်းအဖေကို ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းအသက် ရှည်ရှည်နေရမယ်'' လို့ပြောတယ်။ စစချင်းတုန်းက ကျွန်တော်လဲ ပါပါးတို့ နောက်လိုက်သွားမယ်ဆိုပြီး ကို့ကိုယ်သတ်သေဖို့အကြိမ်ကြိမ် ကြိုးစားကြည့်တယ် ဆရာဝန်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးကျွန်တော် ရင်ကွဲစွာနဲ့လက်လျော့ခဲ့တယ်။ ''ဟုတ်တယ် ငါ့ပါပါး မားမားက သူတို့ အသက်နဲ့ ရင်းပြီး နောက်ခန္ဓာကို အစိတ်အပိုင်းကို ငါ့ကိုပေးသွားတာ ငါတန်ဖိုးထားရမယ် ငါ့အပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတွေကို အသက်ရှင်သန်ခြင်းကသာ အကောင်းမွန်ဆုံး ကျေးဇူးပြန်ဆက်မှုလို့ ကျွန်တော်ခံယူလိုက်တယ်။ ဒါကြောင့်လဲ နေ့စဉ်နဲ့အမျှ ကျွန်တော့်ကို ကျွန်တော်ပျော်အောင်နေတယ်။ တခါတလေဆို မျက်နှာရှုးလို့တောင် အပြောခံရတယ်။
YOU ARE READING
Love is . . . . .
RomanceYibo + Zhan Zhan အချစ်ဆိုတာ ဘာလဲ? ကျွန်တော့်ကို ကျွန်တော်တောင် လူတစ်ယောက်ကိုဘယ်လိုချစ်မိသွားမှန်းမသိလိုက်ဘူး။ ဒီလူကြောင့် ပျော်ရွှင်ရသလို ဒီလူကြောင့် နှလုံးသားတွေ နာကြင်ရတယ် ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်...