ဘာလိုလိုနဲ့ အတွေးယဉ်ကြောမှာ
မျောနေတုန်း နောက်ကနေပုခုံး ကိုပုတ်လိုက်တာကြောင့် လှည့်ကြည့်လိုက်တော့ အူတူတူမျက်နာပေးနဲ့ ကောင်လေးက အကိုကျွန်တော်တို့က အခုမှ ပြောင်းလာတဲ့ကျောင်းသားသစ်တွေမို့လမ်းသိပ်မကျွမ်းလို့ ဒီအဆောင်လေးကို
လမ်းညွှန်ပေးပါလား။ မေးလာတဲ့ မေးခွန်းနဲ့အတူ သူ့လက်ထဲကအဆောင်နာမည်နဲ့ စာရွက်လေးကိုလှမ်းယူပြီးကြည့်လိုက်တော့
တစ်ဆောင်ထဲ အတူနေရမဲ့လူဖြစ်နေရော။
သူ့နောက်မှာလဲ ရည်ရည်မွန်မွန် အပြုံးလေးနဲ့
ကောင်လေးနောက်တစ်ယောက်ကိုတွေ့လိုက်ရတယ်။ အစကတော့ စနောက်ပြီး နေရာအမှားကိုလမ်းညွှန်အုန်းမလို့ပဲ ဒါပေမဲ့အခုမှရောက်ခါစ အူလည်လည်နဲ့ကျောင်းသားသစ်ကို စဖို့အားနာတာနဲ့ ''အင်း မင်းတို့နေမဲ့ အခန်းနံပတ်က ငါအခုနေနေတဲ့ အခန်းနဲ့အတူတူပဲ လာလူသစ်တွေဆိုတော့ ငါတခါထဲလိုက်ပို့ပေးလိုက်မယ်'' ပြောလဲပြော သွားလဲသွားနဲ့ အဆောင်ထဲကိုနောက်တခါပြန်ဝင်လိုက်ပြီး ဒီလူသစ် နှစ်ယောက်ကိုနေရာချပေးလိုက်တယ်။ '' ဒီကုတင်တွေ ကတော့ငါနဲ့ ငါ့ညီဟာ ပိုနေတဲ့နှစ်ခုကိုမင်းတို့ အဆင်ပြေသလိုနေလိုက် ငါအခုတော့သွားတော့မယ်
အိုကေတယ်မလား။''ရည်ရည်မွန်မွန် ရှိပုံရတဲ့ကောင်လေးက
''ကျေးဇူးပါအကို ကျွန်တော်တို့ကိုကူညီပေးလို့
ကျွန်တော်နာမည်က '' စစ်ကျွေး'' ဒီကအကိုနာမည်က '' ဝမ့်နင် '' ကျွန်တော်တို့က ညီအကိုတစ်ဝမ်းကွဲတော်တယ်။ တွေ့ရတာ ဝမ်းသာပါတယ်ကွာ ငါ့နာမည်က ရှောင်းကျန့် ငါ့ညီနာမည်ကတော့ ကျန်းချန်။ ခဏနေ တွေ့မှပဲသူနဲ့ မိတ်ဆက်ပေးတော့မယ်။ အခုတော့ အတန်းနောက်ကျနေလို့ ငါလစ်တော့မယ် ညနေကျမှတွေ့မယ်နော်။''ပြောရင်းအဆောင်အပြင်ကိုပြေးထွက်လာပြီး မနက်စာစားဖို့ကန်တင်းကို အသက်ထွက်မတတ်ပြေးလာခဲ့ရတယ်။ ပြေးဆိုအပျိုတော် ကျန်းမမ ကစောင့်နေတာကိုး နောက်ကျလို့ သူ့ကို ဘယ်လောက်တောင်ကျိန်ဆဲ နေပြီလဲမသိဘူး။
ဟော် ပြောရင်းနဲ့ ခရမ်းသီးမီးဖုတ်ထားတဲ့ မျက်နှာနဲ့ လူက သူ့အားစီးပြီးအော်လိုက်တယ်။ '' မင်းဘာလို့အဲဒီလောက် နောက်ကျနေရတာလဲ။ အချိန်ကိုဘယ်တော့မှ မလေးစားဘူး။ ငါစောင့်နေတာကြာလှရှိပြီ မစားနဲ့တော့မနက်စာ လာသွားမယ် အတန်းထဲသွားမယ်။ မင်းကိုဒီနေ့ ငါဘာမှ မပြောတော့ဘူး လို့စိတ်ကိုလျော့ထားလဲ အလကားပဲ ဘယ်လို မှမရဘူး အမြဲတခုမဟုတ် တခုလောက်ပြောနေရတယ်။ တခါတလေငါဆုတောင်းတယ်သိလား ငါ့အစားမင်းကိုပြောမဲ့သူ ဒီကမ္ဘာမှာ မင်းကြောက်ရတဲ့သူ ပေါ်လာပါစေလို့ငါဆုတောင်းတယ်သိလား။''
YOU ARE READING
Love is . . . . .
RomanceYibo + Zhan Zhan အချစ်ဆိုတာ ဘာလဲ? ကျွန်တော့်ကို ကျွန်တော်တောင် လူတစ်ယောက်ကိုဘယ်လိုချစ်မိသွားမှန်းမသိလိုက်ဘူး။ ဒီလူကြောင့် ပျော်ရွှင်ရသလို ဒီလူကြောင့် နှလုံးသားတွေ နာကြင်ရတယ် ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်...