ဒီတပတ်နောက်ဆုံးတင်ရမဲ့ project
လဲပြီးသွားပြီ။ ဒီတခါတော့တယ်လိုလို
ချင်ချင်နဲ့ ကို့အားကိုယ်ကိုးကာ သေသေချာချာ
လေးပြင်ဆင်ပြီး project ကိုဆရာ့ထံတင်ခဲ့
သည်။ ဘယ်သူ့အကူအညီမှ မယူဘဲ၊ ကျေနပ်တယ် သူတင်လိုက်တဲ့ လုံးချင်းအိမ်ဒီဇိုင်း project ကကျောင်းသားအားလုံးထဲ မှာ
အကောင်းဆုံးဖြစ်တဲ့အပြင် အပြင်က Company ကြီးတခုကလဲ သူ့ Design ကိုနှစ်သက်လို့ ဝယ်ယူသွားခဲ့သည်။
ဆရာကလဲချီးကျုးမဆုံးဖြစ်နေသည်။ ဟုတ်ပါသည် သူတို့ကျောင်းကကျောင်းသားတွေရဲ့ project တွေ ကိုတခါတရံ Company ဘက်မှ သူဌေးများက ကြိုက်ရင်ကြိုက်သလို လာ
ရောက်ဝယ်ယူကျတာတွေရှိသည်။ လူသစ် idea သစ်တွေကို အမြဲတမ်းမြေတောင်
်မြှောက်ပေးနေကျသော ကျောင်းက ဆရာ ဆရာမများ နဲ့ လုပ်ငန်းရှင်များသည် တကယ်
တော့သူတို့လိုကျောင်းသားလူငယ်များအတွက်
ဘဝစာမျက်နှာ အသစ်တွေကိုဖွင့်လှစ်ပေးသော
တံခါးချက်တွေနှင့်တူလှသည်။ ဒီတံခါးချက်တွေ ကို အမိအရဆုပ်ကိုင်ဖွင့်လှစ် ဝင်ရောက်ပြီး
ခြေလှမ်း မှန်မှန်နှင့်ရှေ့ဆက်လျှောက်လှမ်းမယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ကို တချိန်မဟုတ် တချိန်ရောက်မှာ အမှန်ပေ။ကျန်းချန်
''မင်း သိပ်လဲ ပျော်မနေနဲ့ ဆေးခန်းပြစရာ ရှိတာ
ကိုအချိန် သိပ်ဆွဲမနေနဲ့အုန်း။ တော်ကြာဘာမဟုတ် တာလေး ကနေရောဂါကြီးဖြစ်လာရင်
်မကောင်းဘူး''ရှောင်းကျန့်
'' အင်းပါ ငါဒီနေ့ပဲသွားပြမလို့ ဆရာဝန်နဲ့ရက်
ချိန်းတောင်ယူပြီးသွားပြီ ''ကျန်းချန်
'' ok ဒါဆိုလဲ သွားရအောင်လေ ''
ဝမ်နင်, စစ်ကျွေး
'' ကျွန်တော်တို့လဲ လိုက်မယ။် ဒီနေ့ အတန်း
လစ်ဖို့ဆုံးဖြတ်ထားတယ်''ရှောင်းကျန့်
'' ဒါဆိုသွားရအောင်။ ပြန်ရင် မင်းတို့အားလုံးကို
အကိုကြီးက ကျောင်းမှာ ဆုရတဲ့အထိန်းအမှတ်
အနေနဲ့ မင်းတို့စားချင်တာပြောဝယ်ကျွေးမယ်''ဆရာဝန် '' မင်းနှလုံးက အခုဆရာစမ်း
သပ်ကြည့်ရသလောက် ဘာပြသနာမှမရှိဘူး။
အခြေအနေကောင်းတယ်။ ဒါပေမဲ့ မပေါ့နဲ့
ဂရုစိုက်ပါ။ အိပ်ရေးသိပ်အပျက်မခံနဲ့ ။ ပြီးတော့ အစာနဲ့ ဆေး ကိုပုံမှန်သောက်ပေးပါ။ ဒါဆိုမင်း လူကောင်းတစ်ယောက်လိုသက်တန်းစေ့နေနိုင်မယ်''
YOU ARE READING
Love is . . . . .
RomanceYibo + Zhan Zhan အချစ်ဆိုတာ ဘာလဲ? ကျွန်တော့်ကို ကျွန်တော်တောင် လူတစ်ယောက်ကိုဘယ်လိုချစ်မိသွားမှန်းမသိလိုက်ဘူး။ ဒီလူကြောင့် ပျော်ရွှင်ရသလို ဒီလူကြောင့် နှလုံးသားတွေ နာကြင်ရတယ် ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်...