သူ ဆိုးလဲ ခ်စ္မယ္😏😏

8.6K 108 1
                                    


သူ ဆိုးလဲ ချစ်မယ်😏😏

အပိုင်း (၁)

''မောင်. . . .

''အွန်း . . . . . .

''မောင်. . . . . သဲတို့ လက်ထပ်ဖို့ ဘယ်တော့လောက် စဉ်းစားထားလဲ. . .

''လက်ထပ်မယ်. . . .?

မျက်မှောင်ကျုံပြီး မေးလိုက်သံကတအံတသြ။

"အင်းလေ . . . မောင် ရဲ့. . .

''ဘာလို့ လပ်ထပ်မှာလဲ. . . လက်မထပ်ချင်ပါဘူး. . . .

''မောင် . . . ဘယ်လိုပြောလိုက်တယ်. . . .

''သဲ ကလဲ ကွာ. . . မောင် ပြောတာ မကြားလိုက်ဘူးလား. . . လက်မထပ်ချင်ဘူး လို့. . . . . .

''ဒါက ဘာသဘောလဲ . . မောင်. . . သဲ နဲ့ တွဲခဲ့တာ တစ်ဘဝ လုံးအတွက် လပ်ထပ်ဖို့ မဟုတ်ဘူးလား
အတူနေဖို့ မဟုတ်ဘူးလား. . . .

'' ဘာလို့ နောက်မှ လာမယ့် အနာဂတ်ကို ကြိုတွေး မှာလဲ အခု . . .ရောက်နေတဲ့ အချိန်လေးမှာ အပျော်ဆုံး နေမယ်. . . . . မကောင်းဘူးလား. . . မောင် က သဲ နဲ့ အခုလို အတူရှိနေရတာကို ပျော်နေပြီ. . . ပြီးတော့ သဲ ရဲ့ နူတ်ခမ်းလေးကိုလဲ. . . . စွဲလမ်းနေပြီ. . . မောင်နဲ့ အခုလိုနေရတာမပျော်ဘူးလား. . မောင် ကတော့ အခု အခြေ အနေကို အရမ်းပျော်နေပြီ. . . .

စကားပြောရင်း လက်ကလဲ သူမရဲ့ ခန္ဒာကိုယ်ပေါ်မှာ လျောက်ပြေးနေပြီး မျက်နှာကလဲ နမ်းဖို့ အနီးသို့ငုံချသွားလိုက်သည်။
နူတ်ခမ်း နှစ်ခု ထိကပ်လုလုမှာပဲ မိန်းကလေးက ရှောင်ထွက်သွားလိုက်ပြီး လက်တွေကိုပါ ဆွဲခွာလိုက်သည်။

''အဲ့ဒီ လို မဖြစ်ချင်ဘူး မောင်. . .
သဲက မောင်နဲ့ ၂ယောက် တစ်ဘဝ တည်ထောင်ချင်တာ. . . . မောင် က သဲကို တစ်ခါလေးမှ လက်ထပ်ဖို့ စိတ်ကူး မထားဘူးလား. . . .

'' အဲ့ဒီ လို မဟုတ်ဘူး မောင် က အနာဂတ်တေတွကို ကြို မတွေးချင်တာ. . . . .

''မတွေး လို့ မရဘူးလေ . . သဲ က မိန်းကလေး
မောင်နဲ့ အခုလိုတွေ လျောက်လိုက်နေတာကလဲ မောင် ကို ချစ်လို့ . . .တစ်ဘဝ လုံး လက်တွဲ ချင်လို့. . . . လက်ထပ်ပြီး အတူ နေချင်လို့ပဲ. . . .

''သဲ ကလဲ ကွာ လက်ထပ်ပြီး မှ အတူ နေရတာလို့
ဘယ်သူပြောလဲ . . . သဲတာ အတူနေချင်တယ်ဆို မောင် က ဖြည့်စည်းပေးဖို့ အဆင်သင့်ပဲ. . . .

သူ ဆိုးလဲ ခ်စ္မယ္Where stories live. Discover now