
1K 30 0
                                    

သူ ဆိုးလဲ ချစ်မယ်

အပိုင်း (၈)

နဒီ စကားကြောင့် မိုး တွေ ခနဲဖြစ်သွားသည်။ နဒီ ဆိုတာ အခြားသူကိုဝေဖန်တက်တဲ့သူမှမဟုတ်တာ ဘာလို့ အခုလိုပြောတာပါလိမ့်။

"နဒီ  နင် သူ့ကိုသိလို့လား.....

"သိတယ်လေ သူကသမိုင်း ဒုတိယနှစ်ကလို့ နင်ပဲပြောတာလေ ဇူးဇူး.....

"ငါပြောတဲ့သဘောက နင်က သူ့အကြောင်းဘာတွေသိထားလို့လဲမေးတာ.....

နဒီ ဘာပြန်ဖြေရမလဲတွေးမရဖြစ်သွားသည်။  ငါ အခြား အသက်ကြီးတဲ့ သူတွေနဲ့တွဲတာမြင်ဖူးတယ်လို့ပြောရမှာလား။ အဲ့တာကလဲ မသေချာပါဘူးလေ။ ဒါဆို ကလပ်မှာ ငါ့ကို  အတင်းနမ်းဖူးတယ်လို့ပြောလိုက်ရမှာလား။ ဒါလဲမဖြစ်သေးဘူးလေ။

"နဒီ နင်နဲ့တစ်ခုခု ပြသနာ ဖြစ်ဖူးလို့လား......

"အဲ့ဒီလို မဟုတ်ပါဘူး
ဘာဖြစ်ဖြစ် သူတော့မဖြစ်ဖူး မိုး
နင်အခြားသူပြောင်းကြိုက်
ငါ့သူငယ်ချင်းကို မကောင်းတဲ့သူနောက် အပါ မခံနိုင်ဘူး........နင်တို့က ငါ့ကို မယုံဘူးလား.... သူက တကယ်မကောင်းတဲ့လူ.....

"ငါတို့ကမယုံတာမဟုတ်ပါဘူးဟ
နင်က အဲ့လိုသူများကိုတစ်ခါမှဝေဖန်တာ မတွေ့ဖူးလို့ပါ......

"ဟုတ်တယ် ဇူးဇူးပြောသလိုပဲ...
နင်က ထူးဆန်းလို့ပါ.....

"မိုး..နင် သူ့ကို တကယ်ကြိုက်နေတာလား....

"ဟို. .ငါက....

"ငါ သူ့ကို ကလပ် မှာဆုံဖူးတယ်...
မိန်းကလေး၂ယောက်နဲ့ ပြသနာ တက်နေတာကိုတွေ့တာ... အခြားတစ်ယောက်ကို ဖြတ်ဖို့ဆိုပြီး မသိတဲ့လူကို ဆွဲနမ်းလိုက်တာ.....

"ဝါး းးး.....ရိုမန်တစ် ဆန်လိုက်တာ.....

"ဇူးဇူး  ငါအတည်ပြောနေတာ သူက အဲ့လိုလူပဲ... .နင်ပြောင်နောက်မနေနဲ့
မိုး ကို ကူပြောဦး....

"အေးပါအေးပါ ဒါနဲ့နင်က ဒီလောက် အသက် လေးနဲ့ ကလပ်ကိုဘာသွားလုပ်တာလဲ.....

"ငါ့အကို ကလပ်လေ....ငါသွားတာ ထူးဆန်းလို့လား......

"သြော် နင့်အိမ်က ကလပ်ပေါ့ ဟုတ်လား
.....

သူ ဆိုးလဲ ခ်စ္မယ္Donde viven las historias. Descúbrelo ahora