သူ ဆိုးလဲ ခ်စ္မယ္ 35

1K 33 0
                                    


သူဆိုး လဲ ချစ်မယ်

အပိုင်း (၃၅)

" ဒီဇိုင်းလေးက အရမ်းကို လှတယ်....
တကယ်ပြောတာ ပုံထဲက အတိုင်း အပြင်မှာလဲ တကယ်ကိုလှတာ...မြင်ရင် ကြိုက်သွားလိမ့်မယ်.......အဲ့ဒီ ဒီဇိုင်းက အခုမှ အသစ်ထွက်တာ ရွေ ပဲရည် လဲ အရမ်း မပါးဘူး
စိန်ပွင့် တစ်ပွင့်ခြင်းကလဲ တကယ့် အရည်အသွေးကောင်းတာတွေ ကို သုံးထားတာ....

"................

"အပြော မဟုတ် ဘူးနော်.....တကယ်လှတာ......

"..............

"ဟုတ်ပါပြီ....ဒီလူ နဲ့ ဒီလူ ပြောစရာလား.......သူက တစ်ဆင်စာ သာ ဝတ်ရင် တကယ်ကို  မီး ရောင်တောင်
မလိုတော့ဘူး....

"...............

"ဟားဟား....... နဒီ လိုတော့ ဘယ်လှမလဲ...... အမကတော့ နောက်နေပြန်ပါပြီ........ဒါဆို ဆုံးဖြတ် လိုက်ပြီ မဟုတ်လား...ပစ္စည်း ပို့လိုက်တော့မယ်နော်.....

"............

"Ok.....ပျော်ရွင်ပါစေနော်...........

နဒီ ဖုန်း ချလိုက်ပြီးနောက် တံခါးခေါက်သံပေါ်လာသည်။

"ဒေါက်ဒေါက်ဒေါက်......

"နဒီ... မွန်...ပြန်လာပြီ.....

"ပြန်လာပြီလား...ဘရာ့စ်ရန်ကို ကြိုခဲ့....

စကားမဆုံးခင် သူမရဲ့ သီးသန့် အခန်းထဲသို့လှမ်းဝင်လာသည့် လူတစ်ယောက်။
အရင်ဆုံး မြင်လိုက်ရတာက အနက်ရောင်ပြောင်လက်နေသည့်လည်သာဖိနပ်။ပြီးနောက် အဖြူရောင်
ရှပ် နှင့် စတိုင်ပင် ကိုဝတ်ဆင်ထားပြီး အပေါ်မှ ဒူးနားမရောက်တစ်ရောက်ထိရှည်သည့် အသားရောင် လောင်းကုပ်ကိုထပ်ဝတ်ထားသည်။ ရှည်လျှားသည့်အရပ်နှင့်ဝတ်စားထားပုံဟာလဲ လိုက်ဖက်ညီစွာ။ လက်မှာ လဲ တန်ဖိုးကြီး နာရီတစ်လုံး ပတ်ထားပြီး ဖြူဝင်းတဲ့ လည်တိုင်မှာတော့ ခပ်မျှင်မျှင် ဆွဲကြိုးတစ်ကုံးဆင်မြန်းထားသည်။ နက်မှောင်နေသည့် ဆံပင်တွေကို အနောက်လှန်ဖီးထားပြီး နီညိုရောင် နေကာ မျက်မှန် တစ်လက်ကို တပ်ထားသေးသည်။

သူ နဲ့တူလိုက်တာ။ နဒီ အတွေးနဲ့ အတူငေးခနဲ ဖြစ်သွားရသည်။ ခြေလှမ်းတိုင်းက လဲ ယုံကြည် မူအပြည့်ဖြင့် နဒီရှေ့သို့ တည့်တည့်လျောက်ဝင်လာခဲ့သည်။ အနားရောက်တော့ တပ်ထားသည့်မျက်မှန်ကို ချွတ်လိုက်လျှက် ပြုံးလိုက်ပြီး နဒီကို လက်တစ်ဖက် ကမ်းပေးလာသည်။

သူ ဆိုးလဲ ခ်စ္မယ္Nơi câu chuyện tồn tại. Hãy khám phá bây giờ