သူဆိုးလဲ ချစ်မယ်အပိုင်း ၆
"ငြိမ်းအိသွယ်တဲ့ နာမည်က. ......
"ငြိမ်းအိသွယ်. .....နာမည်ကအတော်စိတ်ဝင်စားဖို့ကောင်းတယ်. .............
"လူကလဲစိတ်ဝင်စားဖို့ကောင်းပါတယ်
သူ့ကိုသူ အလှဆုံး လို့ အမြဲတွေးနေတာ
Queen မရပေမယ့် သူက ဒီနှစ်အသစ်လေးတွေထဲမှာ ထင်ပေါ်သား. ....
ဘာကြောင့်လဲဆိုတော့ ကားထည်လဲစီးပြီးကျောင်းလာလို့လေ. ......မိဘတွေက ကား အရောင်း ဆိုင် အကြီးကြီး ဖွင့်ထားတာတဲ့..... ဘယ်နိုင်ငံကကား ဘယ်လိုအမျိုးအစားဖြစ်ဖြစ် အချိန်တိုအတွင်းလဲ ရတယ်တဲ့. ......ဘေးစကားတွေ ဆိုပေမယ့် အဲ့ဒီ ကား အရောင်းဆိုင်က နာမည်ကြီးတယ် တစ်ဦးထဲသော သမီး ဆိုတော့ ဖူးဖူး မူတ်ပေါ့. . .ဒီမေဂျာ လာတက်တာလဲ အများပြောစကားကတော့ ထင်ပေါ်ချင်လို့တဲ့. . ."မင်းခန့် မင်းပြောသလို မဟုတ်ပဲ ငါတို့လို ညံလို့လဲဖြစ်နိုင်တာပဲ ရွေးစရာ မေဂျာ သိပ်မရှိတာလေ ၁၀တန်းကိုအောင်မှတ်လေးတွေကပ်ပြီးအောင်လာတာ.....
"အဲ့တာလဲ ဖြစ်နိုင်တယ်. . . .
"စိတ်ဝင်စား ဖို့ကောင်းတယ့်.. .
"ငါ့ကောင်ရေ ဒီတစ်ယောက်က မလွယ်ဘူးနော် ပိုက်ဆံရှိသလို ခပ်ချေချေ ဘဝင်မြင့်နေသေးတာ. .........
"အဲ့တာမှ စိတ်ဝင်စားဖို့ကောင်းတာ. . .
"မင်း ဟုတ်မှလဲ လုပ်ဦး.......
မင်းမှာ ဘွားတော်ကြီးရှိသေးတယ်လေ. ......"အေးဆေးပေါ့ အသစ်အဆန်းလေးတွေကမှ လူကို လန်းစေမှာ.............
"လန်းနိုင်ပါစေ ဆုတောင်းပေးပါတယ်. .......
"ပေးတဲ့ဆုက အမြဲပြည့်တာပါ. . .
တကယ်ဆို သူ လဲ Queen ဖြစ်သင့်တယ် ဟိုတစ်ယောက်ထက်စာရင်ပေါ့......"ဟေ့ကောင် အခု မေဂျာကွင်းကမှ တကယ်လှတာကွ ဖြူဖြူစင်စင်လေးကြည့်ပါလား.....
"ငါ့အထင် ငြိမ်းအိသွယ်က ပိုပြီး Queen ဖြစ်သင့်တယ်လို့ထင်တယ် မင်းကြည့်လေ
သွက်သွက်လက်လက်ရှိတယ် ပြင်တက်ဆင်တက်တယ်် ချမ်းသာ တယ် နာမည်ကြီးတယ် ဒါဆိုလုံလောက်ပြီ မဟုတ်ဘူးလား......