သူဆိုးလဲ ချစ်မယ်
အပိုင်း (၄)
"နင် ဒီကို ဘာလာလုပ်တာလဲ. . .
အိမ်ထဲဝင်လိုက်တယ်ဆို Tvထိုင်ကြည့်နေသည့် နဒီရဲ့ မတော်ချင်သည့်အမနှင့် တန်းတိုးတော့သည်။
"ငါ့အဖေ ဆီ ငါလာတာ ဘာဖြစ်လဲ. . . .
နဒီကလဲ ခပ်ရင့်ရင့်ပဲပြန်ဖြေလျှက်ဆက်လျောက်သွားလိုက်သည်။နောက်မှာတော့ ရိုင်းလိုက်တာ ယဉ်ကျေးမူမရှိဘူး စုံအောင်ဝေဖန်လျှက်ကျန်ရစ်ခဲ့သည်။
"ဒေါက်ဒေါက်. .. .ဒေါက်ဒေါက်. ..
ပါးပါး. . . ပါပါး . . .နဒီ တံခါးခေါက်ပေမယ့် အသံမကြားရသဖြင့်ဖွင့်ဝင်လိုက်သည်။နဒီ ရဲ့ဖခင်က အိပ်နေတာဖြစ်သည်။
"ပါပါး ပါပါး.... .. ..
နဒီလူပ်နိူးခေါ်လိုက်သည်။
"ဟင်. . . အင်း. . .
ဖခင်ဖြစ်သူမှာလူပ်နိူးခံလိုက်ရတာကြောင့် မျက်လုံးပွင့်လာသည်။
"ပါပါး. . . ထတော့ မအိပ်နဲ့ တော့. .. .
"သမီးငယ် ဘယ်တုန်းက ရောက်နေတာလဲ. .. .. .
"၂ရက်ရှိပြီ ရောက်နေတာ. .. .
"ကြည့်စမ်း အိမ်ပြန်မလာပဲ ဘယ်တွေသွား နေတာလဲ. .. .
"ရှင်းကောကော တို့ hotelမှာ နေတာပါ
ကောကောက သူ ့အလုပ်နဲ့လဲနီးလို့တဲ့. . . . . ."အိမ်ရှိနေတာကို ဘာလို့ Hotelနေလဲ. . .. .
"အဲ့မှာက ပျော်စရာကြီး.... .. .
"ပေါက်ကရတွေ လုပ်ချင်ပြန်ပြီလား
ဒါနဲ့ သမီးရဲ့ ကောကော က ဘာလို့ လိုက်မလာတာလဲ. . . . .."သူ မအားဘူး အဲ့တာကြောင့် လိုက်မလာတာ. . . . ပါးပါး လေကျောင်းလိုင်းပြောင်းဖို့ ပြင်ဆင်တာကရော ဘယ်လိုလဲ
ဘယ်တော့ လာမှာလဲ အိမ်ကို. . . ."မကြာတော့ပါ ဘူး . .. . ကျောင်း ကရောတက်ဖို့စုံစမ်းပြီးပြီလား. . .ကျဲကျဲ တက်တဲ့ကျောင်းပဲ တက်စေချင်တာ မြန်မာပြည် မှာပဲတက်ချင်တယ်ဆိုတော့လဲ ဘယ်ကျောင်းက ကောင်းလဲ ဘယ်မှာတက်ချင်လဲသေချာရွေး. . . .