
879 26 0
                                    


သူဆိုးလဲ ချစ်မယ်

အပိုင်း ၁၂

"ဘာလုပ်တာလဲ.....

"Sorry မင်းထွက်သွားမှာဆိုးလို့ ဆွဲထားလိုက်တာ.....

ရှင်းသန့်က ဆွဲထားသည့် လက်ကိုလွတ်ပေးလိုက်ရင်း သူ့လက်၂ဖက်ကို အပေါ်မြောက်လျှက် နောက် တစ်လှမ်းပြန်ဆုပ်လိုက်သည်။

"နင်က ဘာလဲ....ဘာလာ ရူပ်တာလဲ....

"ရူပ်နေတာ မဟုတ်ပါဘူး....မင်းကို
အရင်က ဖြစ်ခဲ့တာတွေ အတွက် တောင်းပန်ချင်လို့ပါ........

"ဟဲ့ နင် စကားကိုကြည့်ပြော....
ဘေးလူကြားရင် တစ်မျိုး ထင်ခံရမယ်....

"ကိုယ်ပြောတာက ကိုယ်တို့ ကလပ်မှာနမ်းခဲ့တာကိုပြောတာပါ.   .....တကယ်ဆို အဲ့ဒီလို မလုပ်ခဲ့သင့်ဘူး...မင်းကို မနမ်းခဲ့သင့်ဘူး ကိုယ်တောင်းပန်ပါတယ်....

"နင်.....

နဒီဟာ ဖြူဖွေးတဲ့မျက်နှာလေး နီရဲသွားပြီး အရှေမှ လူကိုလဲ ကုပ်ဖဲ့ပစ်ချင်စိတ်ပေါက်နေမိသည်။

"တောင်းပန်ပါတယ်...  တကယ် မနမ်း....

"နင့်ပါးစပ်ပိတ်ထား... 

"မဟုတ်ပါဘူး.... တကယ်မင်းကို စိတ်ရင်းနဲ့ တောင်းပန်တာပါ...... ကိုယ်တကယ်မှားသွားခဲ့တယ်...မနေ့ကမှ  အခြားသူတစ်ယောက်က လူမှားနမ်းခံလိုက်ရပြီး မင်း နမ်းခံလိုက်ရတုန်းက ခံစားချက်ကို နားလည် လိုက်တယ်....အဲ့တာကြောင့် လာတောင်းပန်တာပါ....တောင်းပန်ပါတယ် မင်းကို အဲ့ဒီလို မလုပ်သင့်ခဲ့ပါဘူး....

နမ်းတာတွေ ထပ်အောင် လာပြောနေသည့်သူကို ဒေါသတွေ ထွက်လာမိသည်။

"နင်ပြောလို့ပြီးပြီလား.....

"တကယ်တောင်းပန်ပါတယ်....
ကိုယ်က မင်းနဲ့ အဆင်ပြေ ပြေပဲဖြစ်ချင်တာပါ....တောင်းပန်တာ လက်ခံတယ် မဟုတ်လား........

"နင်ပြောလို့ပြီးရင် ငါသွားပြီ......

"ဟိတ် ခဏနေဦးလေ.......

"နင် ငါ့နောက် လိုက်မလာနဲ့နော်....

"ခွင့်လွတ်တယ်ပြောဦးလေ.....

"စိတ်မဝင်စားဘူး.....

"ဘာမှမပြောရင် ခွင့်လွတ်တယ်လို့ မှတ်လိုက်မယ်နော်....ဒါဆို အခု ကိုယ်တို့ အဆင်ပြေသွားပြီ မဟုတ်လား.....
ခင်လို့ရပြီ မဟုတ်လား.....

သူ ဆိုးလဲ ခ်စ္မယ္Место, где живут истории. Откройте их для себя