သူ ဆိုးလဲချစ်မယ်
အပိုင်း ၂၄
"ဟမ်.....!!..
"ဘာ.......?
အားလုံး ဟာ အလန့်တကြားပုံစံဖြင့် လျော့တိလျော့ရဲ ထိုင်နေရင်းမှ ကုန်းထလာကြပြီး နေခကို ကြည့်နေကြသည်။
"မင်း ပြောတာက နဒီသူငယ်ချင်း ဇူးဇူး က မင်း အခန်း ထိလာပြီး ပိုက်ဆံပေးသွားတာလား.....
"ဟုတ်တယ်... ငါ့ကိုလဲ ကော သွားသေးတယ်... သူ့အဒေါ် နဲ့ ထပ် ပက်သက်ရင်
ကျောင်းမှာ အရှက်ခွဲမယ်တဲ့......"မင်းကို အစထဲကပြောသားပဲ နေခရာ...
အိမ်ထောင် သည်တွေ နဲ့မတွဲပါနဲ့ဆိုတာ......"ငါတို့တွဲတာ အခုမှ စတာမှမဟုတ်တာ....ကြာပြီလေ....သူ့အဒေါ်က သူ့ယောက်ျားကို စိတ်ကုန်နေလို့ အပျော်ရှာချင်နေတာလေ.....ငါ့ကို လာတွဲတာ ငါက အပစ်လား......အခု ငါ့ကြောင့် ကွာရှင်းဖို့ဖြစ်ကြတယ်ပြောတာပဲ...
ငါ့ကို သူ့အဒေါ်နဲ့ လာ မပတ်သက်နဲ့ တဲ့
သူ့လို ခလေး အမေကို ငါကလဲ နှမျော မနေပါဘူး....
အသုံးဝင်လို့သာတွဲတာ....ရှင်းသန့်က နေခ အကျီ င်္လည်ပင်းကိုဆွဲလိုက်ပြီး.....
"မင်း ကလေးတစ်ယောက် ကိုထည့်မတွေးတော့ဘူးလား....မင်းကြောင့် သူတို့ကွာရှင်းလိုက်ရင်
ကလေးက အမေမရှိပဲဘယ်လို ရှင်သန်မလဲ.........
မင်းမတွေးကြည့်ဖူးလား...မင်းကွာ.....ရှင်းသန့်က မျက်ထောင်နီဖြင့် ထိုးမယ်ကြိပ်မယ် ထဖြစ်တော့ မင်းခန့်ကကြားလည်ကဝင်လိုက်သည်။
"ဟေး...ဟေး....စကား အေးဆေးပြော....
"မင်းက ဘာဆိုင်လို့ဒေါသထွက်နေတာလဲ.........
"နေခ...မင်းပါးစပ် ပိတ်ထားလိုက်...
ရှင်းသန့် မင်းလဲ စိတ်လျော့....လာ...ထိုင်...."သူက ဘလိုင်းကြီး ထပြီး စိတ်တို နေတာလေ....
"မင်း လူ မဆန်လို့ပြောနေတာလေ...
ကလေးတစ်ယောက် မိတစ်ကွဲဖတစ်ကွဲဖစ်တော့မှာကို မင်းကတော့ အပစ် မဲ့သလို နေ နေတာ....."ငါ့ကိုပြောနေတယ် မင်းကရော ဘာကောင်းခဲ့လို့လဲ....
ရှင်းသန့်က မျက်နှာ ကျော တင်းသွားပြီး