သူဆိုးလဲ ချစ်မယ် အပိုင်း ၂၆

568 23 0
                                    

သူဆိုးလဲ ချစ်မယ်

အပိုင်း ၂၆

နဒီ မြင်လိုက်ရတာက မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေသည့် ရှင်းသန့် ပဲဖြစ်သည်။

"မ....ကျွန်တော် ထပ်မလာဖို့ ပြောထားတယ်လေ.....

"မင်းတကယ် မသွားဘူးပေါ့ ဟုတ်လား...

"မ ကို ပြောသားပဲ ကျွန်တော်မသွားဘူးလို့....

"ဒါပေမယ့် အဲ့တာက မင်းရဲ့အိမ်မက်လေ.....

"အရင်ကပါ...အခု...
ကျွန်တော် ရဲ့ အိမ်မက် က ကျွန်တော်ချစ်တဲ့သူ ကျွန်တော်ကို ချစ်တဲ့သူနဲ့ တစ်ဘဝလုံး အတူနေနိုင်ဖို့ အဲ့တာက ကျွန်တော်ရဲ့ အကြီးမားဆုံး အိမ်မက် ပဲ.....

"အဲ့ဒီ မိန်းကလေး အတွက် မင်းအိမ်မက်ကိုတောင် စွန့်လွတ်မယ်ပေါ့....
မင်းရူးသွပ်ခဲ့တဲ့ ပညာ....

"ဒါတွေက ကျွန်တော် အဖေဆီက မလိုချင်ပဲ ရလာတဲ့ အမွေ လို့ပြောရမှာပေါ့
ကျွန်တော် ပုံ လှလှဆွဲတက်တယ်
ဆေးလှလှ ချယ်တက်တယ်....ဒါပေမယ့်
ကျွန်တော်အဖေလို ပုံကိုပဲ အလှဆင်နိုင်သူမဖြစ်ချင်ဘူး....ကျွန်တော်က တကယ့်ဘဝကို အလှဆင်နိုင်သူပဲ ဖြစ်ချင်တာ.....

"မင်း အဖေက ဘယ်လို ဆိုးရွားတာတွေ ဖြစ်ခဲ့ပြီး မင်းကိုနာကြည်းစေခဲ့လဲတော့ မသိဘူး...ဒါပေမယ့် မင်းသိလား..မင်းဆွဲနိုင်တာတွေ က အရမ်းတန်ဖိုးကြီးတယ်...
မင်းသာ...မ ပြောတဲ့နေရာကိုသွားရင် တစ်ချိန်မှာ အောင်မြင်သူ ဖြစ်လာလိမ့်မယ်...အဲ့တာကိုတောင်မင်းက စွန့်လွတ်ချင်တာလား....ဘာဖြစ်ဖြစ် ထပ်စဉ်းစားပါ...ကျောင်းလဲ ပြီးတော့မယ်...ဘွဲ့ရပြီးတာနဲ့ မင်း ပညာဆက်သင်ဖို့ ပြင်ဆင်ပေးမယ်... မင်းဆီက ဘာမှမတောင်းဆိုပါဘူး....ဒီတိုင်း မင်းဘဝလေး တင့်တင့်တယ်တယ် ဖြစ်နေတာ မြင်ချင်တာ....

"ကျေးဇူးတင်ပါတယ် မ....ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပြီး ရင်မပြင်တော့ဘူး....

"သေချာ ထပ်စဉ်းစားပါ မင်းအတွက် အကုန် အဆင်သင့် လုပ်ထားပေးမယ်....
ဒီအခွင့်အရေးက ကံကောင်းလို့ရတာ...

"အခု အချိန် မှာ ကျွန်တော်ရဲ့ ကံကောင်းခြင်းက သူမပြုံးနေတဲ့ မျက်နှာလေးကို မြင်ရတဲ့အခါတိုင်းပဲ...အဲ့တာကြောင့်
ကျွန်တော်ရဲ့ ကံကောင်းခြင်းကို အမြဲ ဆုပ်ကိုင်ထားခြင်တယ်....

သူ ဆိုးလဲ ချစ်မယ်Donde viven las historias. Descúbrelo ahora