သူ ဆိုးလဲ ချစ်မယ်
အပိုင်း ၃၄
ဗြုန်းစားကြီး ရောက်လာပြီး မေးခံလိုက်ရသော စကားကြောင့် နဒီ ကြောင်ငေးသွားရသည်။
"မင်း သူ့ကို ဘာလုပ်လိုက်တာလဲ...
"နေပါဦး အကို တို့က ဘာတွေ လာမေးနေတာလဲ....
"ဘာမေး ရမလဲ ရှင်းသန့် ကိုမေးတာလေ....မင်း သူ့ကို တစ်ခုခု လုပ်လိုက်တယ်မဟုတ်လား.....
"အကိုတို့ သူငယ်ချင်း ပျောက်တာ ညီမကို ဘာလို့ လာမေးနေတာလဲ.......
"မင်းကို မမေးရင် ဘယ်သူကိုမေးရမလဲ....
"အဲ့တာ အကိုတို့ပဲသိမှာပေါ့....
"ငါတို့ သူ့ကိုရှာပြီးပြီ ဘယ်မှာမှ မတွေ့ဘူး.....
"အဲ့တာ ထူးဆန်းလို့လား....
သူ့ရည်းစားတွေနဲ့ နိုင်ငံ ခြားထွက်သွားတာနေမှာပေါ့....အရင်က ရော သူဘယ်သွားမယ် ဘယ်သူနဲ့သွားပါမယ် ပြောဘူးလို့လား...."ဒီမှာ နဒီ..... မင်းကို ပြောမယ်....
ရှင်းသန့် အခုချိန်မှာ ပက်သက်နေတဲ့
မိန်းကလေး ကမင်းတစ်ယောက်ထဲပဲရှိတယ်.....သူ့ဘေးမှာ မင်းအပြင်မရှိဘူး...
မင်းကလွဲပြီး ဘယ်သူကိုမှလဲသူမချစ်ခဲ့ဘူး....အရင်က ရေခဲလို အေးစက်နေတဲ့ နှလုံးသားနဲ့မို့ ငါတို့အားလုံး သူ့နောက်ရေး အတွက် စိုးရိမ်ခဲ့ကြဖူးတယ်....
မင်းကို သူချစ်တယ်လို့ ပြောတဲ့ အချိန်မှာ ငါတို့ ယုံတောင်မယုံနိုင်ခဲ့ဘူး......
ဒါပေမယ့် သူကတော့ မှားယွင်းပြီး ချစ်ခဲ့တာပဲ........တကယ်ဆို အရင်က သူ က မှ ကောင်းသေးတယ် ဘာဖြစ်ဖြစ် ငါတို့ကိုပြောပြတယ် အတူရှိတယ်....အခုတော့ မဟုတ်တော့ ဘူး....ပြောင်းလဲသွားပြီ...သူ့စိတ်ကို ငါတို့ ခန့်မှန်းမရတော့ဘူး......."အကိုတို့ က ဒါတွေ ဘာလို့ လာပြောပြနေတာလဲ....
"မင်းက ရှင်းသန့်ထက် နှလုံးသားမဲ့တာပဲ....မင်းတို့ မိသားစု သူ့ကို ဘာလုပ်လိုက်လဲ.....
"ဘာလုပ်လို့လဲ....သူ့ကို ဘာလုပ်နိုင်မှာ မို့လို့လဲ.....
"မင်းတို့က ငွေရှိတယ်လေ မင်းတို့လုပ်ချင်တာ လုပ်လို့ရမှာပေါ့....
![](https://img.wattpad.com/cover/199903434-288-k910216.jpg)