သူ ဆိုးလဲ ချစ်မယ်
အပိုင်း (၁၈)
"မဟုတ်ဘူး မင်းတို့ကြောင့် ငါ နဒီကို ရှာမတွေ့တော့ဘူး....
"ဟေ့ကောင် မင်း လဲသောက်ထားတာ
ပြသနာတွေ ရှာမနေနဲ့ ပြန်မယ်ကွာ...
သူပါသူနေပါစေ...."မရဘူး... ငါ နဒီကို ဒီကနေ ခေါ်ထုပ်သွားရမယ်.....
.''ရှင်းသန့် မင်း ကတော့ကွာ....
မင်းခေါ်ပြီးပြီ မဟုတ်ဘူး လား...
သူကလက်မခံဘူး မဟုတ်လား...
ရှင်းရှင်းလေးပဲကို...မင်းက သူ့မိသားစုလဲ မဟုတ်ဘူး.... မင်းက ဘယ်လို အခွင့်အရေးနဲ့ သူ့ကိုတားမလဲ...သူကိူခေါ်ထုပ်မလဲ...လာပြန်မယ် ပြသနာတွေ မရှာနဲ့တော့...."မပြန်သေးဘူး...ငါ နဒီကို ရှာရမယ်....
"ရှင်းသန့် မင်းကတော့ကွာ.... ထိမ်းမနိုင်ဘူးပဲ....
"ငါတွေ့ပြီ...
"ဟာ...ဟေ့ကောင် မသွားနဲ့လေ...မင်းက ပြသနာကောင်ပဲ...ဟေ့ကောင်...
သူငယ်ချင်း တွေ ဘယ်လိုတားတား ရှင်းသန့်က နဒီ ရပ်နေသည့် အရက် Barနားသို့ အပြေးလျောက်သွားတော့သည်။
"မင်းကဒီမှာပဲ...
နဒီ ...လာ အခု လိုက်ခဲ့....ရှင်းသန့်ကပြောရင်း နဒီလက်ထဲမှ အအေးခွက်ကို ဆွဲယူပြီး ခုံပေါ်ပြန်တင်ပေးလိုက်သည်။
"ဟာ ဘာလဲ သွားစမ်းပါ....
"မင်း ဒီ အလုပ်ကို တကယ်လုပ်ရမှ ဖြစ်မှာလား.......
" နင် ပြန်တော့ ငါ အေးဆေး နေချင်လို့....
"မရဘူး မင်းပါပြန်ရမယ်...ငါက မင်းနဲ့ ဘာမှ မသက်ဆိုင်ရင်တောင် မင်းရဲ့ ကျောင်းက စီနီယာ စကားနားထောင် သင့်တယ်....
မင်း အိမ် ဘယ်မှာလဲ လာပြန်လိုက်ပို့မယ်
ဒီနေရာက မင်းရှိသင့်တဲ့နေရာ မဟုတ်ဘူး.....မင်းရှိမနေသင့်ဘူး....ရှင်းသန့် ပြောရင်း နဒီ ထိုင်နေသည့် ခုံမှ ဆင်းခိုင်းဖို့ လက်ကို ဆွဲလိုက်သည်။
"ငါ့ မိသားစုကတောင် ခွင့်ပြု ထားတာ နင်က ဘာလာဖြစ်နေတာလဲ...
"မင်းက တက္ကသိုလ် ကျောင်းသူတစ်ယောက်လေ..မမေ့နဲ့ ဒီနေရာက မင်းရှိနေရမယ့်နေရာမဟုတ်ဘူး...