သူ ဆိုးလဲ ချစ်မယ်
အပိုင်း (၂)
'' ဘယ်လိုပြောလိုက်တယ်. . မောင်. . ပိတ်ချင်လို့ ဟုတ်လား. . .
"ဟုတ်တယ်. .
" ဒါက ဘာသဘောလဲ . . .ဘယ်လိုပုံစံနဲ့ပြောနေတာလဲ. .
'" မင်းက အရမ်း စကားများလွန်းတယ်. .ငါ မင်းကို စိတ်ကုန်နေပြီ. . . .
''စိတ်ကုန်နေပြီ ဟုတ်လား. . . .
''ဟုတ်တယ် စိတ်ကုန်နေပြီ. . . .
'' လက်ထပ်မယ်ပြောလိုက်တာနဲ့ စိတ်ကုန်နေပြီတဲ့ လား. . . ပြောပါဦးမောင်. . .
''ငါက လွတ်လွတ်လပ်လပ်ပဲရှင်သန်ချင်တာ. . . အရွှယ်ကောင်းလေးမှာ ဘာလို့ လက်ထပ်ရမလဲ. .
မင်းက အမြဲတမ်း လက်ထပ်ဖို့ပဲ ရေရွှတ်နေတာ
ပြော မင်းနဲ့ဘယ်လို ဆက်တွဲရမလဲ. . .
ချစ်သူ ဘဝဆိုတာ ၂ယောက်အတူပျော်ရ ရင်ပြီးပြီ မဟုတ်ဘူးလား.. . . . .ဘာလို့ တစ်ယောက်ကို တစ်ယောက် ချည်နှောင်နေမလဲ. . . . . . . .''ဒါက အကြောင်းပြချက်လား. . . လက်ထပ်မယ်ပြောမိတာလေးနဲ့ ဒီလိုဖြစ်သွားတာလား. . .ချစ်သူတွေ အတွဲတွေ တိုင်းက သူတို့ချစ်သူနဲ့ တစ်သက်လုံး အတူနေနိုင်ခွင့်လက်ထပ်နိုင်ခွင့်ရဖို့က သူတို့ အိမ်မက်ပဲလေ
မဟုတ်ဘူးလား သဲ က မောင်နဲ့အတူ တစ်သက်လုံး နေခွင့်ရချင်တာ အပြစ်လား
တစ်ခု လောက် မေးချင်တယ်
မောင် တကယ်ရော ချစ်ခဲ့ရဲ့လား"အချစ်လား ချစ်တယ် လေ
ငါ ချစ်လို့ပဲ မင်းနဲ့တွဲခဲ့တာပေါ့. ." ဘာလဲ အခု အသစ်ရသွားပြီပေါ့လေ ဟုတ်လား. . . . အဲ့တာကြောင့် အခုလိုတွေပြောနေတာပေါ့...
ဘယ်သူ လဲ ဘယ်ကလဲ. ."အဲ့တာ မင်းနဲ့ ဘာဆိုင်လဲ. . .
"ဆိုင်တယ် ဆိုင်လို့ မေးနေတာ
ဒါမှ မဟုတ် အစထဲက အခြားတစ်ယောက်ရှိနေသေးတာလား..ပြောလေ. .''အမှန်ပဲ အသစ်ရသွားပြီ. . မင်း ဒိုး လိုက်တော့. . .
ငါနဲ့ တူတူ ပျော်စရာတွေပဲဖန်တီးနိုင်မယ့် မိန်းကလေးမျိုးကိုပဲ လိုချင်တာ. . . မင်းလို တစ်ချိန်လုံး ဘဝနဲ့ ချုပ်ကိုင်နေတဲ့ မိန်းကလေးမျိုး မလိုချင်ဘူး. . . .