သူဆိုးလဲချစ်မယ်
အပိုင်း ၁၇
"ဦးခ ပျော်ရွင်စရာမွေးနေ့ ပါ.....
"လာလေ နဒီ ကိတ်စားကြမယ်....
ဒါက ကိုယ့် စီနီယာအကို ဒါက လာနေကျတစ်ယောက်လေ မြင်ဖူးတယ် မဟုတ်လား....ဝန်းရံခ က ခပ်လှလှ အမျိုးသမီးတစ်ယောက်နှင့်နဒီကို မိတ်ဆက်ပေးတာဖြစ်သည်။
နဒီခေါင်းငြိမ့်ပြရင်း ဝင်ထိုင်လိုက်သည်.....
"နဒီ မလာဘူး ထင်လို့ ကိတ်ခွဲတာ မစောင့်တာနော် တစ်မျိုးမထင်နဲ့....
"ဘာမှမဖြစ်ပါဘူး နဒီက လက်ဆောင်လာပေးတာ....
"လက်ဆောင်....
ခ ကအံသြစွာမေးလိုက်သည်။
"ပြောတယ်လေ လက်ဆောင်ဝယ်ပေးမယ်လို့.......ရော့...ကြိုက်ပါ့မလား တော့မသိဘူး....
နဒီကမ်းပေးလာသည့် အိပ်လေးကို ဝန်းရံခ လှမ်းယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် နဒီ...ကိတ်စားသွားပါဦး....
"ဦးခ သူငယ်ချင်း တွေနဲ့အတူပျော်ကြပါ နဒီ မနှောင့်ယှက်တော့ဘူး... နဒီပြန်တော့မယ်နော်...
နဒီ နူတ်ဆက် ရင်း အိမ်ပြန်လာခဲ့သည်။
အတွေးထဲမှာတော့ ရှင်းသန့် ကို ပြန်တွေးမိလာသည်။ ဘာလို့ သူမနား မှာ အမြဲပေါ်လာရတာလဲ ။ ဒါဟာ တကယ်ပဲတိုက်ဆိုင်မူလား။
အချိန်တွေရွေးလျှားလို့ ကျောင်းပိတ်ရက်သို့ရောက်လာတော့သည်။
နဒီ ကတော့ အမေဖြစ်သူနဲ့အတူ အလုပ်ကို လိုက်လည်တဲ့အခါရှိသလို တက်ချင်သည့်သင်တန်းတွေရှာဖွေတက်နေခဲ့သည်။ ဇူးဇူး က အိမ်ပြန်သွားပြီး မိုးကတော့ ကျောင်းပိတ်ရက်မှာ အလုပ်ဝင်လုပ်နေခဲ့သည်။ တစ်ယောက်နဲ့ ဆုံချိန်သိပ်မရှိပေမယ့် ဖုန်း နဲ့တော့ ဆက်သွယ်ဖြစ်ကြသည်။ရှင်းသန့်ကလဲ ကျောင်းပိတ်ရက်မှာ
မ ရှာပေးထားသည့်အလုပ်သို့လာခဲ့သည်။"မင်္ဂလာပါ ခင်ဗျ.....
"မင်းက ဝေယံရှင်းသန့် လား....
"ဟုတ်ပါတယ် ဦး... ရှင်းသန့် လို့ပဲခေါ်နိုင်ပါတယ်....
"အေး လာကွာ အထဲဝင်...ဒီမှာတော့ အကုန် အဘိုးကြီးတွေကြီးပဲ မင်းတော့ အလုပ်လုပ်ရင် ပျင်းနေတော့မယ်......