သူ ဆိုးလဲ ချစ်မယ် အပိုင်း (၂၂)

673 27 0
                                    

သူ ဆိုးလဲ ချစ်မယ်

အပိုင်း (၂၂)

"ငါ သွားတော့မယ်....

"အတူ သွားမယ်လေ....

"ကတိပေးထား တာ မမေ့နဲ့....

ပြောရင်း နဒီက ရှင်းသန့် ကို အဝေးသို့တွန်းလိုက်သည်။နဒီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ချိန်မှာ မိုး က လမ်းကြားထဲ ပြန်ဝင်နေလိုက်သည်။ ထို အခြေ အနေ အားလုံးကို ကားပေါ်မှ စောင့်ကြည့်နေသူက သူရ။ သူစောင့်ကြည့်တာကတော့ ဧပရယ်မိုးကို ပေါ့။

"Ok...ok....မင်း အရင်သွားပါ....

"နင်က ဆိုင်ကယ် နဲ့လေ.... ခဏလေးဆိုရောက်သွားမယ့်ဟာ.....

"မင်းတစ်ယောက်ထဲ ဖြစ်နေမှာဆိုးလို့လေ.....သွားပါ......ရှေ့က....

နဒီ က လက်က နာရီ ပြန်ကြည့်လိုက်ရင်း  ရှေ့ကလျောက်သွားတော့သည်။

"အချိန် ကပ်နေပြီ  နင်နဲ့ မငြင်းတော့ဘူး.......

ရှင်းသန့် က ဆိုင်ကယ်ပေါ်တက်ပြီး ခပ်ဖြေးဖြေးလေးသာ မောင်းလျှက် အနောက်က လိုက်လာပြီး ကျောင်းဝန်းနားနီးမှ ကျောင်းဝန်းထဲကို  အရင်မောင်းဝင်သွားတော့သည်။ နဒီ ရဲ့နောက်မှာတော့ မိုး က ပါလာခဲ့သည်။ ကျောင်းရောက်တော့လဲ မသိဟန်ဆောင်ပြီး ပဲနေလိုက်သည်။

"ဟဲ့ နင်တို့ ဒီည အချိန် ရလား.....

ဇူးဇူး က မေးလာတာဖြစ်သည်။

"ဘာလို့လဲ ဇူးဇူး.....

"ငါ...ငါ....ဒီည မအားဘူး........

"ငါတစ်နေရာသွားခြင်လို့.....

"ဘယ်ကိုလဲ.....နဒီ နင်အားရင် သူနဲ့. လိုက်ပေးလိုက်ပါလား....ငါ မအားလို့....

"ကျောင်းချိန်ပြီးတာကို နင်က ဘာလို့မအားတာလဲ....

"ငါလား....ငါ လဲ လုပ်စရာရှိလို့ပေါ့.....

"အေးပါ...အေးပါ.....ထားလိုက်ပါ...နဒီ နင်ကတော့ငါနဲ့အဖော်လုပ်ပေးလို့ရတယ်မဟုတ်လား.....

"ရတာပေါ့ဟ.....

နဒီ ခေါင်းငြိမ့်ပြလိုက်သည်။
ဒီည အိမ်မှာ ကောကောလဲ မရှိသလို ရှင်းသန့်က လဲ ည ကျသွားစရာရှိတယ်ဟုပြောထားသဖြင့် တွေ့ဖြစ်မှာ မဟုတ်ပေ။

သူ ဆိုးလဲ ချစ်မယ်حيث تعيش القصص. اكتشف الآن