
757 28 0
                                    

သူ ဆိုးလဲ ချစ်မယ်

အပိုင်း ၃၃

"နဒီ ထ အိမ်ပြန်ရအောင်....

လမ်းဘေးမှာ ထိုင် ငိုနေသည့်  နဒီကို
ခ ဆွဲ ထူလိုက်ပြီး ကားပေါ် တွဲတင်လိုက်သည်။ ငိုရိူက်နေရင်း တုန်ရီနေတာတွေ ပျောက်ကွယ် မသွားခဲ့ပေ။

"လာ...ခါးပတ် ပတ်လိုက်....

နဒီက ခပြောသည့်အတိုင်း လိုက်လုပ်ပေမယ့်  စက်ရုပ်တစ်ရုပ်ပမာ။

"ငါ့မှာ နင့်အတွက် တောင်းပန်ပါတယ် ဆိုတဲ့ စကား အပြင် အခြား ပြောစရာမရှိဘူး ရှင်းသန့်.....နင်က နင့်ဘဝကို ဒီထက်ကောင်းအောင် လုပ်ဖို့ အစွမ်းအစရှိသူပါ...ငါ့ကြောင့် နင့်ဘဝ လမ်းတွေ မပိတ်စေချင်ဘူး...ငါ့ကြောင့်  နင် လူတစ်ကာ နင်းခြေ နေတာ ကို ခံနေတာ မမြင်ချင်ဘူး......ငါတို့ ၂ယောက် ရဲ့ အချစ် က ဒီနေရာမှာပဲရပ်သွားပြီ....နင် ငါ့ကို မေ့လိုက်ပါ...နင့် ငါ့ကို နာကြည်းလိုက်ပါ...
နင်စိတ်ထဲမှာ ငါက နင် အရင်က မြင်ဖူးနေကျ မိန်းမတွေလိုပဲ...ငွေမက်တယ်
အဆောင်အရောင် အလှအပ မက်တယ်
ဆိုတာမျိုးပဲ နင့်မှတ်ဉာဏ်မှာသိထားလိုက်ပါ....ငါတို့ ဝေးနေတာ အကောင်းဆုံးပဲ
နင်ငါ့ကို မေ့လိုက်တာ အကောင်းဆုံးပဲ...
နင်မေ့လိုက်တာတွေ အားလုံး ငါတစ်ယောက်ထဲ အမှတ်ရနေပေးပါ့မယ်...
အဲ့တာဆို လုံလောက်ပြီ....

နဒီ မျက်ဝန်း ထဲမှာ ဟိုးအရင်က သူမတို့၂ယောက် ပျော်ရွင်နေခဲ့ကြတာတွေဘပြန်မြင်ယောင်လာသည်။

"ငါနင့်ကို ဒီလောက်ပဲ လုပ်ပေးနိုင်မယ်
ကျေးဇူးပြုပြီး ငါ့ဘဝထဲ ထပ်မလာပါနဲ့တော့.....ငါ့ကိုမေ့လိုက်ပါ....

လက်စွပ်လေးကို ကျစ်နေအောင် ဆုပ်ကိုင်ထားရင် နဒီ ရဲ့ မျက်ဝန်းမှာ မျက်ရည် မိုးတွေ ရွာသွန်းဖြိုးလျှက်။

"တကယ် ချစ်တဲ့ သူတိုင်း ညားကြတာမှ မဟုတ်တာ.... နင်က ငါ့ကို စွန့်ခွာသွားခဲ့တာမဟုတ်ဘူး....ငါက နင့်ကို ဆွဲမထားရက်တာပါ......

*****************

"နင် နဲ့ အဝေးသို့ ပြေးထွက်သွားကွယ်..
အနားမှာ ဒဏ်ရာတွေချည်းပဲ..
ရှောင်လွဲဖို့တောင် မရတဲ့ ဘဝကို..
နင်ပြန်မလာချင်စမ်းနဲ့...
အေးချမ်းတဲ့ သူ့အနားမှာနေ....
ဘဝကို ပျော်ရွင်အောင်ထားကွယ်...
တစ်ယောက်ထဲ လျောက်မယ့် ငါ့ဘဝလမ်းကို.....နင်ဝင်မပါချင်စမ်းနဲ့....🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎵🎶🎶🎵🎶🎵🎶🎶🎶

သူ ဆိုးလဲ ခ်စ္မယ္Opowieści tętniące życiem. Odkryj je teraz