သူဆိုး လဲ ချစ်မယ်
အပိုင်း ၁၁
"ဟာ.....ဘာလုပ်တာလဲ....
ရှင်းသန့် လာနမ်းသည့်ကောင်မလေးကို တွန်းလိုက်ရင်း ခြေ ၂လှမ်းခန့် နောက်ပြန်ဆုပ်လိုက်သည်။
"ရှင်းသန့် ဘယ်လိုဖြစ်သွားတာလဲ....
မင်းနဲ့ သိတာလား...."ငါ မသိဘူး...
"အတော်မူးနေပုံပဲ.....
ရှင်းသန့်က ရှောင်ထွက်လိုက်ရင်း သူငယ်ချင်းတွေ မေးတာကိုလဲပြန်ဖြေလိုက်သည်။ထိုစဉ် ရှင်းသန့် နားက ကောင်မလေးကို လူတစ်ယောက်ကပြေးတွဲလိုက်သည်။
"တောင်းပန်ပါတယ် ခင်ဗျ...ကျွန်တော်ကောင်မလေး အရမ်းမူးသွားလို့ လူမှားသွားတာပါ.....
ပြောလာသည့် ကောင်လေးဟာ ရှင်းသန့်တို့နှင့် ရွယ်တူလောက်ပဲ ဖြစ်ပြီး ရှင်းသန့်နဲ့ ဝတ်စားထားပုံဟာလဲ အတော်ဆင်တူနေခဲ့သည်။ ဘုမသိ မမသိ အနမ်းခံလိုက်ရပြီးမှ လူမှားတာမှန်းသိလိုက်ရသည်။
"အားနာလိုက်တာဗျာ...........
သူ အရမ်း မူးနေလို့ မကနဲ့တော့ဆိုပြီး ထိုင်ခုံမှာပေးထိုင်ထားတာ ခဏလေးပဲသွားကနေတုန်း လှည့်ကြည့်တော့မရှိတော့ဘူး......တောင်းပန်ပါတယ် အနှောက်အယှက်ဖြစ်သွားရင်...."ရပါတယ်....အရမ်း မူးနေပုံပဲ ပြန်ခေါ်သွားလိုက်ပါလား....
"ဟုတ် ကဲ့ ခင်ဗျ...ကျွန်တော်တို့လဲ ပြန်တော့မလို့ သူမပျောက်သွားလိုလိုက်ရှာနေတာ...အနှောက်အယှက်ပေးမိသွားရင်တကယ်စိတ်မကောင်းပါဘူး....သွားခွင့် ပြုပါဦးခင်ဗျ.....
ရည်ရည်မွန်မွန်ပဲတောင်းပန်ပြီး ကောင်လေးက သူ ၏ ကောင်မလေးကိုတွဲပြီးပြန်ထွက်သွားကြတော့သည်။
"ဟေ့ကောင် မင်းအဆင်ပြေလား....
မင်းသူက မေးလာသည်။
ရှင်းသန့်က နူတ်ခမ်းကို လက်မောင်းဖြင့်ဆွဲသုတ်လိုက်ရင်း အဆင်ပြေတယ်ဟုခေါင်းငြိမ့်ပြလိုက်သည်။ဒါက ဗြုန်းစားကြီး ဘုမသိဘမသိ နမ်းခံလိုက်ရတဲ့ခံစားချက်လား....သူ့လိုယောကျာၤးလေးတောင် ထူးဆန်းသွားရင် သူနမ်းလိုက်တဲ့ အဲ့ဒီမိန်းကလေး ဘယ်လိုနေမလဲ။ ဒါကြောင့် လဲ သူမက သူ့ကိုရန်လိုနေခဲ့တာပေါ့.....သူ တကယ် ပဲ မကောင်းခဲ့ဘူးပဲ..... အဲ့ဒီတုန်းက တောင်းပန်ရမယ့်အစား ပိုက်ဆံ တောင်ပေးခဲ့သေးတယ်.......
