သူ ဆိုးလဲ ချစ်မယ်
အပိုင်း ၂၉
အချစ်က လူတွေ ကို ပူလောင်စေတယ်။
ပင်ပန်းစေတယ်။ အဲ့ဒီလိုပြောတာတွေ အရင်က မယုံခဲ့ဘူး ။နဒီကိုယ်တိုင်ကြုံ
မှပဲ ခံစားချက်ကို သိလာရတော့တယ်။
ဟုတ်တယ် အချစ်က ပူလောင်တယ် ။
ပိုပြီး ချစ်မိလေ ပိုပြီး ပူလောင်ရလေပါပဲ။
နဒီ သူနဲ့ မဆုံတာ ၁ပတ်ကျော်လောက်ရှိသွားပြီ။ သူ့ကို လွမ်းတယ် တွေ့ချင်တယ်။ သူက ကိုယ့်ကို လာတောင်မရှာပါဘူး
ဒါပေမယ့် နောက်ဆုံးထိမျော်လင့်နေမိသေးတာ။ သူ့အတွက်တော့ ကိုယ်က အများထဲကတစ်ယောက်ပေါ့။ ကိုယ့်အတွက်တော့ သူက ရည်းစားဦး အချစ်ဦးပါ ။
ပထမဆုံး အချစ်ကို စတင်သိလာချိန်မှာပဲ နောက်ထပ် နာကျင်မူတွေကိုပါသိလာရသည်။ ကိုယ့်အတွက် မဟုတ်တဲ့ လူကို ဒီလောက်ထိ ရူးသွပ်သွားခဲ့တာ သူမ အမှား။ နည်းနည်း လေးသာ ကြိုသိခဲ့ရင်
နည်းနည်း လေးသာ သတိထားခဲ့ရင်
နည်းနည်း လေးသာ ကြိုတွေးခဲ့ရင်
အခုလောက်ထိ နဒီ နာကျင်နေရမယ်
မထင်ဘူး။ ရည်းစား များတဲ့ယောကျၤား
အဲ့ဒီ အပြင် မိန်းကလေး တစ်ယောက်ကို တန်ဖိုးမထားတက်တဲ့ယောကျၤား။
အဲ့လို ယောကျာ်း တစ်ယောက်ကိုမှ နဒီ ရူးရူးမူးမူး ချစ်ခဲ့တာတဲ့။"နဒီ.....
သူမ အတွေး မဆုံး ခင်ရင်းနှီးသည့် အသံကြောင့် လှမ်းနေသည့်ခြေလှမ်းတွေ တုန့်ခနဲရပ်သွားသည်။ နဒီ တော့ ရူးသွားပြီထင်တယ်။ သူ့ အသံကို ကြားယောင်နေတုန်းပဲ။
"နဒီ ခဏလေး......
ဒုတိယ အကြိမ် စကားသံ။
သူမလှမ်းလက်စ ခြေလှမ်းဟာ ရပ်သွားပြန်သည်။ ဒါက တကယ်လား။ သူရောက်လာတာလား။"နဒီ မင်း ဘာလို့ကိုယ့်ကို ရှောင်နေတာလဲ...ဘာလို့ အတွေ ့မခံတာလဲ.....
"နင်နဲ့ ငါ့ကြားမှာ ပြောစရာ ဘာ စကားမှ မရှိဘူး......
နဒီ လက်ကို လာကိုင်သည့် ရှင်းသန့်ကို တွန်းထုပ်ပစ်လိုက်သည်။
"နဒီ ကိုယ်တောင်းပန်ပါတယ်
ရှင်းပြတာ နားထောင်ပေးပါ....."ရှင်းပြမယ်... ဟုတ်လား....ဘာကို ရှင်းပြမှာလဲ ဘာတွေရှင်းပြစရာ ရှိနေသေးတာ လဲ.....နောက်ထပ် အလိမ်အညာတွေ ငါမကြားချင်တော့ဘူး...နင့်ကိုလဲ မမြင်ချင်ဘူး.... နင့်မှာ ပေါပါတယ်....ငါ့ဘဝထဲက ထွက်သွား.... ငါ့လမ်းတွေကို လာမရူပ်နဲ့.....