သူဆိုးလဲ ချစ်မယ် အပိုင်း ၁၉

688 24 0
                                    


သူဆိုးလဲ ချစ်မယ်

အပိုင်း ၁၉

နဒီ အဝေးသို့ ခွာလိုက်ပြီး....

"ဘာဖြစ်ဖြစ် ငါနင်နဲ့ မတွဲနိုင်ဘူး....

"ဘာလို့လဲ ကိုယ်ကတိပေးတယ်....
မင်း လမ်းခွဲချင်တဲ့ အခါ သေချာပေါက် လမ်းခွဲပေးမယ်....

"မလိုဘူး....

"ဒါဆို ဘယ်တော့ မှ လမ်းမခွဲဘူးပေါ့....

"ငါပြောတာက ဘာလို့နင်နဲ့ စမ်းတွဲကြည့်ရမှာလဲ  .......နင် ပျင်းနေရင် နောက်တစ်ယောက်ရှာ....

"အခြားတစ်ယောက်မရှိဘူး....မင်းကိုပဲသဘောကျတာ......မင်းနဲ့ပဲတွဲချင်တာ...
မင်းနဲ့ပဲအတူရှိချင်တာ.....

"ငါက မင့်ကို မကြိုက်ဘူးဆိုရင်ရော...
ငါက နင့်ကို မတွဲချင်ဘူး ဆိုရင်ရော.....

"အရူံးမပေးဘူး.....မင်း လက်ခံလာတဲ့အထိ နေ့တိုင်း လတိုင်း မင်း နားမှာရှိနေမယ်.....

"နင်.........

"ဘာလို့ အစမ်းတွဲမကြည့်တာလဲ....
မင်းလဲ အသက်ပြည့်ပြီးသားမိန်းကလေးပဲ...ဘာတွေ တွေးနေတာလဲ.  .ဒီတိုင်း ရည်းစားလေး ထားတာပဲကို.... ဒါမှ မဟုတ် မင်း ကိုယ့်ကို အစထဲကရင်ခုန်နေလို့
မစမ်းသပ်ရဲတာလဲ.....

"မဖြစ်နိုင်တာ....

နဒီ ကိုယ့်ပါကိုယ် စိတ်မလုံဖြစ်သွားမိသည်။ ကိုယ်ကလဲ သူ့ကိုစိတ်ဝင်စားနေတာမဟုတ်လား။

"အဲ့တာဆို စမ်းသပ်ကြည့်ပေါ့...
မင်း ကိုယ့်ကို ချစ်မလာဘူး လို့မပြောနိုင်ဘူး..... ဒါပေမယ့် အခု လက်ခံမတွဲချင်ဘူး ဆိုရင်တော့ ကိုယ်ထင်တာ မလွဲဘူး...မင်းက ကိုယ့်ကို ဒီထက်ပိုပြီး ချစ်မိမှာကြောက်နေတာ....

ရှင်းသန့် ကတမင်မခံချင်အောင်ပြောလိုက်သည်။

"ဘယ်သူက ကြောက်လို့လဲ....
တွဲ ဖြင့် တွဲပေါ့....ဟွန့်....

နှဒီ က ခပ်ချေချေပုံစံဖြင့်ပြောလိုက်သည်။

"ကောင်းတယ်... ဒါက ကိုယ်သိတဲ့ နဒီပဲ...........အခု ကို ယ်တို့ အတွဲဖြစ်သွားပြီနော်...ဟုတ်လား.....

"ထင်တာပဲ.....

"ထင်တာပဲ မလုပ်နဲ့လေ.......

၂ယောက်အတူရှက်သလိုရယ်လိုက်ကြသည်။

သူ ဆိုးလဲ ချစ်မယ်Donde viven las historias. Descúbrelo ahora