သူဆိုးလဲ ချစ်မယ် အပိုင်း (၁၆)

758 25 1
                                    

သူဆိုးလဲ ချစ်မယ်

အပိုင်း (၁၆)

"နင်ဘာလုပ်တာလဲ ငါ့ကိုပြန်ချပေး.....

"မချပေးဘူး.... ဘာဖြစ်လဲ.....

"ငါပြောထားတယ်နော် ငါ့ကိုဆွဲလားရမ်းလား လုပ်ရင်  အမျိုးပြုတ်အောင်ကန်ပစ်မယ်လို့.....

"ယုံလား မင်းကို ကျောင်းသားတွေလအများကြီးရှေ့မှာ နမ်းပစ်မှာ....

"နင်....

"ဘာ နင်လဲ ယဉ်ကျေး စမ်းပါ...
မင်းကိုယ့်ထက် ငယ်တယ်....

"ငယ်တော့ဘာဖြစ်လဲ နင်နဲ့ငါ ရွယ်တူပဲ.....

"ဘယ်နားရွယ်တူတာလဲ ငါမင်းထက် အရပ်အများကြီးရှည်တယ်......

" အပိုတွေ ဟာ နင်ငါ့ကို လွတ်နော်......

နဒီ ခုန်နေတဲ့ ရင်ခုန်သံတွေကို မျက်ကွယ်ပြုရင်းပြောလိုက်သည်။

"ဘာလဲ မင်းကိုယ်နဲ့ နီးရင် အရမ်းရင်ခုန်နေလို့. အခုလို အတင်းရုန်းနေတာလား.....

"ဘယ်သူ က ရင်ခုန်နေလို့လဲ....
ဖယ်စမ်းပါ လူမြင်မကောင်းဘူး....ငါ့ကို ပြန်ချပေး....

ဆိုင်ကယ်အမြင့်ကြီးပေါ် ဆွဲတင်ခံထားရသလို ဆင်းမရအောင်လဲ တားထားသေးသည်။ နီးကပ်လွန်းတာကြောင့် အသက်ရူသံတွေကိုပါကြားနေရသည်။

"ရင်မခုန်ဘူး ဆိုရင် ဘာလို့ အတင်းငြင်းနေတာလဲ.....ဘယ်လိုလဲ မနေ့ကပြောထားတာ စဉ်စား ပြီးပြီလား...ကို.ယ်ချစ်သူ လုပ်ဖို့လေ....

"နင် ရည်းစား မရှိရင် မနေနိုင်ဘူးလား....

"မင်း ကြောင့်ကိုယ့်ရည်းစား ထားခဲ့ ခံရတာလေ...မင်းတာဝန်ယူသင့်တာပေါ့....

"ငါ က နင့်ကို လား.. အံသြစရာပဲ...
ဘာဖြစ်လို့ငါက တာဝန်ယူရမှာလဲ......

"ထပ်ပြောရဦးမှာလား...
မင်းကြောင့်သာ မဟုတ်ရင် သွယ်နဲ့ လမ်းခွဲစရာမှ မလိုတာ....

"လမ်းခွဲရတာ ငါ့ကြောင့် မဟုတ်ဘူးလေ
နင့်ရဲ့ ဓာတ်ပုံထဲက သူကြောင့်....နင်ပတော်ပိန်းတာပဲ....သူနဲ့နင်က ဘာပက်သက်လို့လဲ... မဟုတ် ရင်မဟုတ်ဘူး သွားရှင်းပြလိုက်တော့ မပက်သတ်ရင်မပတ်သက်ဘူး ပြောလိုက်ရင် ပြီးနေပြီပဲဟာ....

သူ ဆိုးလဲ ချစ်မယ်Donde viven las historias. Descúbrelo ahora