1

8.1K 262 6
                                    

အမြဲတမ်းဘေးမှာ ရှိနေခွင့်ပေးပါ....
ခင်ဗျားနဲ့ ပတ်သတ်ရင် ကျွန်တော်ပဲ အရာရာ အဆုံးရှုံးခံပါ့မယ်.....

*****************

"ကိုယ်သူ့ကို သိပ်ချစ်တာ...."

အဝေးတစ်နေရာကို ငေးကြည့်ရင်း ဆွေးဆွေးမြေ့မြေ့ ပြောလာတဲ့ စကားသံတိုးဖွဲ့ဖွဲ့...

"သူကလေ ကိုယ့်ကို စဉ်းစားပေးမယ်ပြောခဲ့ပြီး ခုတော့....."

သက်ပြင်းတစ်ရှိုက်နှင့် စိတ်မသက်မသာဟန် ....
ငေးနေရာမှ ကျွန်တော်ရှိရာဖက် မျက်နှာပြန်လှည့်လာသည်။
ကျွန်တော်ကတော့ သူ့ကိုပဲ ကြည့်နေမိသည်။သူကတော့ဖြင့် သတိထားမိဟန်မတူ....

"SeoAh...ကိုယ့်ကို ကစားနေတာများလား...."

တစ်ယောက်တည်း ရွေရွတ်နေသည်လား...ကိုယ့်ကိုအမေးရှိနေသည်လား မသိတော့....

ဖုန်းခေါ်ပြီး ပြောစရာရှိသည်ဟု တကူးတက ဆိုလာကတည်းက သိနှင့်နေသည် သူချစ်သော သူမနှင့် အဆင်မပြေ၍ ရင်ဖွင့်မည်မှန်း.....
သူပြောလာသမျှ၊ရင်ဖွင့်လာသမျှကို နားထောင်ပေးရုံသာ...
ဒါပေမယ့် သူတွေးမိရဲ့လား....သူ သူမကို ဘယ်လောက်ချစ်ကြောင်းပြောနေသမျှ နားထောင်ပေးနေရတဲ့ ကျွန်တော်က သူ့ကို သိပ်ချစ်နေမိကြောင်း....

"ဟင် လို့ Baekhyunee...."

ကိုယ့်အတွေးနဲ့ကိုယ်မို့ သူဘာပြောလိုက်မှန်း မသိသော်ငြား...တစ်ခါတစ်ရံမှ ရင်းရင်းနှီးနှီး ခေါ်ဝေါ်တတ်သည့် Baekhyuneeဆိုသော အမည်ကြောင့် ရင်ထဲနွေးသွားသည်.....

"ဗျာ.....ဘာပြောလိုက်တာလဲchan..ကျွန်တော်မကြားလိုက်လို့...."

သူကိုယ်တိုင်က များသောအားဖြင့် baekhyunဟု ခေါ်တတ်ပေမယ့် သူ့ကို ရင်းရင်းနှီးနှီး chanဟုသာ ခေါ်ရန် တောင်းဆိုခဲ့သည်....။ကျွန်တော်လည်းbaekhyuneeဟု နွေးနွေးထွေးထွေးခေါ်စေချင်တယ်ဆိုတာတော့ မပြောဖြစ်ခဲ့။

"SeoAhကိုယ့်ကို ကစားနေတယ် ထင်လားလို့...."

"ကျွန်တော်မသိဘူးလေ...သူ chanကို ဆက်ဆံတဲ့ပုံ chanပဲ သိမှာပေါ့...."

"ကိုယ်....သေချာမသိဘူး....သူ ကိုယ့်ကို စဉ်းစားပေးမယ်ပြောတယ်...လိုက်လိုက်လျောလျောဆက်ဆံတယ်....ဒါပေမယ့်...သူ့အရေးပေးမှုကို ရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး...."

End Of The Everything(Z+U)Where stories live. Discover now