18

1.5K 94 4
                                    


ရောက်စကတည်းက အိမ်ထဲက အိမ်ပြင်မထွက်သောကြောင့် ဘယ်သူနဲ့မှ မတွေ့သလို၊ ဘယ်သူနဲ့မှလည်း မပြောဖြစ်။ ပြောချင်စိတ်မရှိဆို ပိုမှန်လိမ့်မည်။

"သားကြီး....Chanyeol ya..."

"Nae....."

အခန်းအောင်းနေရာမှ အသံကြား၍ ကြည့်မိတော့ Omma...
Seoulကနေ ပြန်လာသည့် နေ့မှ စ၍ Ommaနဲ့ မတွေ့ဖြစ်တာ ၃၊၄ရက်ကြာနေပြီဖြစ်သည်။
ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးနေသည့် Ommaကြောင့် အံ့ဩတကြီး ဖြစ်ရသည်။ Ommaစိတ်ဆိုးနေတာ မဟုတ်ဘူးလား...။

"နေ့လယ်စာ စားရအောင် သားကြီး...Omma သား ကြိုက်တတ်တာလေးတွေ ပြင်ထားပေးတယ်...."

ချိုသာသော အပြုံးတွေနဲ့ နုနုညံ့ညံ့ အပြုအမူတွေ....။
စိတ်ထဲ မသိုးမသန့် ခံစားရသည်။
မုန်တိုင်း မလာခင် လေပြည် တိုက်ခတ်နေသလိုမျိုး။
ပုံမှန်ထက် ချိုသာပြီး ကောင်းပြနေတာ ဘာကြောင့်လဲ။
သိသိသာသာကို ပြောင်းလဲနေတာ ဘာအတွက်လဲ။

နေ့လယ်စာ ထမင်းဝိုင်းက အငယ်နှစ်ယောက် ကျောင်းသွားတာကြောင့် မိသားစု သုံးယောက်သာ ရှိသည်။

"သားကြီး စားနော်....သားကြိုက်တတ်တာတွေချည်းပဲ..."

တစ်အိမ်လုံး တိတ်ဆိတ်နေသည့် အခြေအနေမှာ Ommaအသံသာ ညံစီလျက်...။ထမင်းမမြင်ရသည်အထိ များပြားနေသော ပန်းကန်ထဲမှ ဟင်းတွေကို ကြည့်ပြီး ဘယ်လိုစားရမည် မသိသည်အထိ။
မျက်နှာကို မှန်လို ကြည့်ကာ 'ဘာလိုလဲ၊ ဘာစားချင်လို့လဲ၊ ဒါတွေ မစားချင်လို့လား'ရွှန်းရွှန်းဝေအောင် ပြောနေသည့် Ommaကို Appaက 'ထမင်းဖြောင့်ဖြောင့်စားပါရစေ' ဟု ပြောရသည်အထိ။

အနားမှာ သောက်ဖို့ ရေဖန်ခွက်ကအစ လိုလေသေးမရှိ။ပုံမှန်မဟုတ်တာက လုံးဝကို အသေအချာ။တစ်ခါမှ အခုလို အလေးပေး၊ ဂရုစိုက်ခြင်း မခံခဲ့ရတာ ကိုယ်တိုင်သာ အသိဆုံး။
အိမ်ထောင်ပြုကာစမှာပဲ (မလိုချင်ဘဲ)ကလေး ရခဲ့သည်ကြောင့် ထင်သလောက် စီးပွားရေးမလုပ်နိုင်သဖြင့် Ommaရဲ့ ငြူစူမှုကို ခံခဲ့ရသည်။ငယ်ငယ်ကလေးဘဝမှာ လှပသည့် အမှတ်တရဆိုတာ မရှိ။
အခြေအနေခိုင်အောင် ကြိုးစားနေရသည်ကြောင့် ဂရုစိုက်မှု မပေးနိုင်ခဲ့။
အတော်ကြာ ကလေးပေါက်စလေး လိုချင်သည် မရခဲ့တော့လည်း 'မလိုချင်တဲ့အချိန်တော့ ရတယ်၊ အခု လိုချင်တော့လည်း မရနိုင်ပါလား' ဟု စိတ်ပျက်သလို စကားတွေက နားရည်ဝခဲ့သည်။

End Of The Everything(Z+U)Where stories live. Discover now