"Chanyeol ဘာလို့ ကျောင်းနားချင်ရတာလဲ။ အရိုးအက်တာလည်း ဘယ်ဘက်လက်။၂လလောက်ဆို အရှင်းပျောက်မှာကို..."ကျောင်းအုပ်ဆရာမကြီး၏ စကားတို့ကို ဖြေရှင်းရန် တစ်စုံတစ်ရာ ရှိမနေပါ။
အခုချိန်မှာ ကျွန်တော့် စိတ်အာရုံ အလုံးစုံက သူ့ထံ ပုံအပ်ပြီးသား။
ကျွန်တော့်ကို ပညာတတ် ဖြစ်စေချင်လွန်းလို့ Seoulမှာ ကျောင်းလာတက်ခိုင်းတဲ့ Appaနဲ့ Omma၊မြန်မြန် ဘွဲ့ယူ လုပ်ငန်းခွင် ဝင်ပြီး ကိုယ်တိုင် ပြုစုပျိုးထောင်ပေဖို့ တွေးခဲ့တဲ့ အငယ်နှစ်ကောင်။
ဘာမှကို မတွေးတောနိုင်အောင် အသိဥာဏ်တို့ ပြာဝေခဲ့ရသည်။
ကိုယ့်ထက် တစ်နှစ်ငယ်တဲ့ ကလေးကို သဘောကျမိတဲ့အတွက် ကျောင်းတက်နေရလျှင် အချိန်ပြည့် မတွေ့ရမည်စိုးသောကြောင့် ရူးရူးမိုက်မိုက် ဆုံးဖြတ်ချက်က ဘာအကျိုးဆက်ကိုမှ မတွေးတော့ဘဲ ကျောင်းနားပြီး သူနှင့်အတူ အတန်းတက်ဖို့ရန်သာ။
ဆယ်ကျော်သက်အရွယ် ပထမဆုံး ရင်ခုန်သံက အသိဥာဏ်ကို ထုံထိုင်းစေသည်။
ရည်မှန်းချက်၊ အိပ်မက်တွေကို ဝေဝါးစေသည်။လက်ငင်းအကျိုးရလာဘ်က ကျောင်းသွားမည် ဟု အကြောင်းပြကာ အချိန်ပိုင်းအလုပ် ဝင်လုပ်ရင်း အားလပ်ချိန်တို့က သူ့အရိပ် ဖြစ်မှန်းမသိ ဖြစ်ခဲ့သည်။
ကျွန်တော့်ရဲ့ အကောင်ပေါက်လေးက တကယ့်ကို တက်ကြွ ဖျတ်လတ်ပြီး အရောင်စုံတို့နဲ့ လှပနေတဲ့ လိပ်ပြာငယ်လေးလို။
သူငယ်ချင်းတွေ ရယ်စရာ ပြောတဲ့အခါတိုင်း မျက်ဝန်းလေးတွေ မှိတ်ကျပြီး လေးထောင့်ပုံ နှုတ်ခမ်းလေးနဲ့ သွားတန်းစီစီလေးတွေ ပေါ်လာသည်အထိ ရယ်မောနေတတ်သည်။
လှပလွန်းသည့် ပန်းချီကားချပ်ကို ကြည့်နေရသလို၊ သာယာလွန်းသည့် သဘာဝ ပတ်ဝန်းကျင် ရှုခင်း အလှအပကို ရှုစားနေရသလို ။
တခါတလေ သူ့နောက်ကို အမြဲတမ်း လိုက်ကြည့်နေတာကိုများ ရိပ်မိသွားမလား စိတ်ပူနေရသည်။
ကြည်နူးမှု၊ စိတ်လှုပ်ရှား ပျော်ရွှင်မှု၊ ရင်ခုန်လှိုက်မောမှု ။
ပထမဆုံး ခံစားဖူးသော ခံစားချက်တွေက သူ့ကြောင့် ဖြစ်ပေါ်လာတာ အသေအချာ။
YOU ARE READING
End Of The Everything(Z+U)
Fanfictionတစ်နေ့နေ့တော့ အရာအားလုံး ပြီးဆုံးသွားတဲ့ နေ့ဆိုတာ ရှိကို ရှိလာမှာပါ...။ အဲ့ဒီ့နေ့ကို ကျွန်တော် စောင့်နေတယ်...။ ခင်ဗျားအပေါ်ထားရှိခဲ့တဲ့ လွဲမှားတဲ့ ချစ်ခြင်းတွေရဲ့ အဆုံးသတ်ကိုရောပေါ့....။ .....(30.10.2019)-(27.1.2020)..... တစ်နေ့နေ့တော့ အရာအားလုံး ပြီ...