7

1.8K 155 0
                                    

" ပြန်ဆုံဖို့ အကြောင်းအရင်း လုံးဝ မရှိဘဲ အဝေးကို ထွက်သွားမယ့် သူ တစ်ယောက်က ဘာအကြောင်းပြချက်မှ မရှိဘဲ ပျောက်ကွယ်သွားရင်ရော အရင် သူ့ဘေးနားမှာ ရှိတဲ့ သူတွေ အတွက် အနှောင့်အယှက် မဖြစ်လောက်ဘူးမဟုတ်လားHyung"

"ဘာကို ဆိုလိုတာလဲ baekhyunရဲ့..."

သောက်လက်စ ကော်ဖီခွက်ကို ချကာ အမေးရှိလာသော KwanHyung။
အခု ကျွန်တော်နဲ့ Hyungက တိတ်ဆိတ်အေးချမ်းတဲ့ ကော်ဖီဆိုင်လေးမှာ။
ခါတိုင်း ပိတ်ရက် အပြင်မထွက်တတ်ပေမယ့် ဆေးရုံဆင်းလာကတည်းက Hyungနဲ့ ပိုရင်းနီးလာပြီး အရင်လို chanက ဘေးနားမရှိတော့လည်း Hyungက သူ့အချိန်တွေ ခွဲဝေပေးတာကြောင့် အရင်ကလောက် အထီးမကျန်တော့ပါ။

"ကျွန်တော် ပြောတာက ပြန်ဆုံဖို့ မဖြစ်နိုင်တဲ့ ခရီးကို ထွက်သွားမယ်ဆိုရင် သူ့အနားက သူတွေ ဘာမှ မခံစားရလောက်ဘူး မဟုတ်လား Hyung"

"အဲ့တာက ထွက်သွားမယ့် သူနဲ့ ကျန်ခဲ့တဲ့ သူရဲ့ ခင်မင်မှု ၊ တစ်ယောက်နဲ့ တစ်ယောက် အလေးထားမှုတွေ အပေါ် မူတည်မယ် ထင်တယ်...၊
ဥပမာ...ထွက်သွားမယ့်သူက ကျန်ခဲ့တဲ့ သူအတွက် အရေးမပါဘူးဆိုရင် သူ ထွက်သွားမှန်းတောင် ဟိုက သတိထားမိမှာ မဟုတ်ဘူး....."

"ဩော်...."

တိုးသဲ့သဲ့ အသံသာ နှုတ်ဖျားက ထွက်ကျနိုင်တော့သည်။ အားအင်တွေ ဆုတ်ယုတ်သွားသလို လူက နုန်းခွေကာ ပစ်ကျချင်လာသည်။
တကယ်လို့ ကျွန်တော် ထွက်သွားမယ်ဆိုရင်တောင် chanက ဘာမှ ခံစားရမှာ မဟုတ်ပါဘူး။ ကျွန်တော်က သူ့ရဲ့ မိတ်ဆွေ အပေါင်းအသင်း နေရာမှာတောင် ရှိမနေတဲ့ သူလေ။သတိလေးပဲ ထားမိရင်ကို ဖြေသာရမယ် ထင်ပါတယ်။
အသက်ရှူရတာ ခက်ခဲလိုက်တာ။မွန်းကျပ်ပြီး ထွက်ပေါက် မရှိတော့သလို။

ဖြူနုနုမျက်နှာလေးက နွမ်းလျပြီး စိတ်မကောင်း ဖြစ်နေဟန်။

"တစ်ခု ရှိတာက သူ ကိုယ့်အပေါ် ဘယ်လို သဘောထားလဲဆိုတာ သူပဲ သိမှာလေ၊ သူ့အတွက် ကိုယ်က အရေးပါလား ၊ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာက သူပဲ သတ်မှတ်ထားတော့ သူပဲ သိမှာ။ဒါနဲ့ baek က ဘာလို့ ဒါတွေ မေးနေတာလဲ..."

"ဒီလိုပါပဲ Hyungရယ်...၊ ဒီတိုင်း သိချင်လို့ မေးကြည့်တာပါ..."

အသိအမှတ် ပြုသလို ၊ ထောက်ခံသလို ခေါင်းတစ်ဆတ်ဆတ် ညိမ့်ပြီးမှ တစ်စုံတစ်ခုကို တွေးမိတာကြောင့် အလန့်တကြား ဖြစ်သွားရသည်။
မဟုတ်လောက်ပါဘူးနော်...။ ဒီကလေး ပေါက်ကရတွေ လုပ်ဖို့ တွေးနေတာတော့ မဟုတ်လောက်ဘူးလားလို့။

End Of The Everything(Z+U)Where stories live. Discover now