......'POV

1.7K 145 4
                                    

........'POV
.
.
.

ကိုယ်သတ္တိကြောင်ခဲ့တာ ၊ ပိုင်ဆိုင်ဖို့ထက် အားလုံးအတွက် စဉ်းစားပြီး နှလုံးသားကို စတေးခံခဲ့တာ ..
ကိုယ်အမှားကြီးမှားခဲ့ပြီ...
ကိုယ့်နှလုံးသားကို ရှက်ရွံ့အားနာမိပါရဲ့...
သူ နာကျင်ခံစားနေရမှာ သိရက်နဲ့ ဥပေက္ခာပြုခဲ့မိလို့...

ကိုယ့်ကိုပဲ ငေးကြည့်နေတတ်တဲ့ မျက်ဝန်းကြည်ကြည်လေးတွေ၊ အားငယ်စွာ ကျန်ရစ်ခဲ့မှန်းသိရက် ကျောခိုင်းခဲ့မိတယ်။

အမြဲဆုပ်ကိုင်ခွင့် ရချင်မိတဲ့ ရှည်သွယ်သွယ်လက်ချောင်းတွေ၊ဖက်တွယ်ချင်တယ် ပါးလျလျ ခန္ဓာကိုယ်ကို။

နွေးထွေးအောင် ဆုပ်ကိုင်ထားပေးချင်တယ် အေးစက်စက် လက်အစုံကို။

ပျော်ရွှင်စရာ ကြုံခဲ့အခါ မင်းနဲ့ ထပ်တူ ပျော်ရွှင်ပေးချင်တယ်။

မင်း ဝမ်းနည်း အားငယ်တဲ့အခါ မှီတွယ်စရာအဖြစ် ရှိနေပေးချင်တယ်။

ငိုကြွေးစရာရှိတဲ့အခါ ယောက်ျားမျက်ရည်မို့ တစ်ပါးသူ မမြင်အောင် ကိုယ့်ပုခုံးတစ်ဖက် အပိုင်ပေးထားချင်တယ်။

နာဖျားတဲ့အခါ ကိုယ်တိုင် ပြုစုပေးချင်တယ်။

ကြည်ဖြူသည် ဖြစ်စေ၊ မကြည်ဖြူသည် ဖြစ်စေ၊လိုအပ်သည် ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ ကာကွယ်ပေးချင်တယ် မင်းရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြီးတော့ပေါ့...။

တစ်ခါတစ်လေ စိတ်ညစ်ညူးတဲ့အခါ မင်းရဲ့ ဆံပင်အုပ်အုပ်လေးကို နမ်းရှိုက်ပြီး စိတ်တွေ ဖြေဖျောက်ချင်တယ်။

ကိုယ် စိတ်မကောင်းဖြစ်တဲ့အခါ မင်းပုခုံးတွေထက် မျက်နှာအပ်ထားချင်တယ်။

ကိုယ် ပင်ပန်းတဲ့အခါ မင်းရဲ့ အပြုံးချိုချိုနဲ့ အားဖြည့်ချင်တယ်။

ကိုယ်စိတ်ပင်ပန်းသမျှကို မင်းရဲ့ ရယ်သံအောက်မှာ ပျောက်ကွယ်စေချင်တယ်။

ယုံကြည်မှုတွေ ပျောက်ဆုံးတဲ့အခါ မင်းရဲ့ လက်ဖဝါးအစုံက အားအင်တွေကို မျှဝေပေးစေချင်တယ်။

ဘဝရဲ့ အနိမ့် အမြင့်၊ အတက် အကျ၊ အပူ အအေး အရာအားလုံးကို မင်းနဲ့ပဲ အတူ မျှဝေ ခံစားချင်တယ်။

End Of The Everything(Z+U)Where stories live. Discover now