ဆေးပိုက်များ သွယ်တန်းထားခြင်း ခံနေရသော ချစ်ရသူကို ကြည့်ရသည်မှာ ဘယ်လောက်တောင် နာကျင် ခံစားလိုက်ရသည်လဲ။
ပြောမပြတတ်အောင်ပင်..။
ကိုယ်စား ခွဲယူပေးလို့ရလျှင် အကောင်းသား..။ဆေးရုံ စတက်သည့်နေ့မှ စ၍ သတိလည်လာတတ်သော်လည်း ခေတ္တခဏမျှသာ။
လက်ချောင်း ၊ ခြေချောင်းလေးတွေက မို့ဖောင်း ရောင်အမ်းလာသည်။
အမြဲလိုလို ဆေးပုလင်း ချိတ်သွင်းထားရသော လက်ဖမိုးလေးတွေ နာနေရော့မည်။ချစ်ရသူ၏ Dripချိတ်မထားသော လက်လေးတစ်ဖက်ကို ဖွဖွဆုပ်ကိုင်နေစဉ်...
"baekhyun shi ရောက်နေတာပဲ.."
ဆုပ်ကိုင်ထားသော လက်ကို SeoAhမမြင်အောင် အလျင်အမြန် လွှတ်လိုက်ရသည်။
"ဟုတ်တယ်..ဝမ်းသာစရာ သတင်းပြောမလို့..၊ နောက်အပတ်ထဲမှာ chanကို ခွဲစိတ်ကုသမယ်တဲ့..၊chanနဲ့ သွေးအုပ်စုတူ၊ tissueတူတဲ့ အလှူရှင် ရှာတွေ့ပြီ.."
"ဝမ်းသာလိုက်တာ baekhyun shiရယ်၊ ကျေးဇူးတင်ပါတယ်..eomeoniတို့ သိရင်လည်း ဝမ်းသာမှာပဲ.."
eomeoniတဲ့..၊ မင်္ဂလာပွဲ နောက်ဆုတ်လိုက်ရတယ် ဆိုပေမယ့် သူမမှာ တရားဝင် ခေါ်ဆိုခွင့်ရနေပြီလေ။
chanရဲ့ သက်ဆိုင်သူအဖြစ် အားလုံးက သတ်မှတ်ပြီး အသိအမှတ်ပြုပေးထားကြပြီ။.
.
.
လူနာ ကုတင်ထက်မှာ မှီထိုင်နေသည့် chanyeolကို SeoAhက ဆန်ပြုတ်ခွံကျွေးနေသည်။"Chanyeol.. ဘယ်လိုလဲ..နေရတာ အဆင်ပြေလား.."
"Kwan Hyung.. လာလေဗျာ..နေသာပါတယ် Hyungရဲ့..၊ခွဲထားတဲ့ နေရာကတော့ နည်းနည်း နာတာပေါ့.."
သစ်သီးခြင်းနှစ်ခြင်းကို ဆွဲကာ ဝင်လာပြီး အမေးရှိလာသော Kwan Hyung..။
သစ်သီးခြင်း တစ်ခြင်းကို စားပွဲထက် တင်ထားပြီး ကျန်တစ်ခြင်းကို အောက်ခြေနားလေး ချထားသည်။"Hyung ကျွန်တော့်ဆီ လာတာလား..တစ်ခြားတစ်ယောက်ဆီရော ဝင်စရာရှိသေးလို့လား.."
"baekhyun လည်း ဆေးရုံတက်နေရတယ်လေကွာ..၊ဒီဆေးရုံမှာပဲ .."
"ဩော်..သူက ဘာဖြစ်တာလဲ.."
"မသိပါဘူးကွာ...Hyungလည်း ခုမှ သွားကြည့်ရမှာ၊ အလုပ်မှာ ခွင့်ယူထားကြတာ မင်းတို့ နှစ်ယောက်လေ၊ မန်နေဂျာချုပ်က မင်းတို့ နှစ်ယောက်လုံး ဆေးရုံတက်နေရတယ် ပြောလို့.."
YOU ARE READING
End Of The Everything(Z+U)
Fanfictionတစ်နေ့နေ့တော့ အရာအားလုံး ပြီးဆုံးသွားတဲ့ နေ့ဆိုတာ ရှိကို ရှိလာမှာပါ...။ အဲ့ဒီ့နေ့ကို ကျွန်တော် စောင့်နေတယ်...။ ခင်ဗျားအပေါ်ထားရှိခဲ့တဲ့ လွဲမှားတဲ့ ချစ်ခြင်းတွေရဲ့ အဆုံးသတ်ကိုရောပေါ့....။ .....(30.10.2019)-(27.1.2020)..... တစ်နေ့နေ့တော့ အရာအားလုံး ပြီ...