Ending

3.1K 138 9
                                    

မချစ်သင့် မချစ်ထိုက်သူကို ချစ်ခဲ့မိတဲ့အတွက် ကျွန်တော့်နှလုံးသားတစ်ခုလုံးကို ပေးဆပ်လိုက်ရရုံသာမက မသေရုံတမယ် နာကျင်ခြင်းတွေနဲ့ အသားကျနေခဲ့ရတယ်။
ကျိန်စာသင့်နေတဲ့ အချစ်တစ်ခုကို ပေးဆပ်ရင်း ဖွင့်ပြောခွင့်မရှိဘဲ သိုဝှက်ခဲ့ရသော စကားလုံးအချို့ကို ကျွန်တော့်ကမ္ဘာလို့ သတ်မှတ်ထားတဲ့ အခန်းတစ်ခုထဲမှာ ပိတ်လှောင်ထားမယ်....။
ဝဋ်ကြွေးကျေတဲ့ တစ်နေ့ ကျွန်တော် သူ့ဆီက လွတ်မြောက်နိုင်မှာပါ...။

ထွက်သွားရမယ့်အချိန် ကျွန်တော့်အတွက် ပင်ပန်းခက်ခဲလွန်းတယ်...။ဝင်သက်တစ်ခုကို ရှူရှိုက်ဖို့အတွက် မောပန်း နွမ်းလျနေအောင် ကြိုးစားနေရတယ်...။ အဲ့ဒီ့အချိန်ထိ အတွေးထဲ အခွင့်မရှိဘဲ စိုးမိုးနေတာ ခင်ဗျားတစ်ယောက်တည်းပဲ....။ လွန်ကဲလှချည်လား ParkChanyeolရယ်....။
ထွက်သွားဖို့ရန် ခက်ခက်ခဲခဲ ကြိုးစားနေသူကို မွန်းကျပ်မှုတွေနဲ့ လွင့်ပါစေချင်သလားပေါ့....။
အမြင်အာရုံ ကွယ်ပျောက်သည့် ရက်သတ္တပတ်ဆိုသော အချိန်ကာလက မှောင်မိုက်ခြင်းနှင့် အသားကျနေကာမှ မြင်နေမိတာ ခင်ဗျားပုံရိပ်တဲ့...။
ကျွန်တော် မပိုင်ဆိုင်ခဲ့ရတဲ့ ခင်ဗျားကို စွန့်လွှတ်ဖို့ အနိုင်နိုင်ကြိုးစားနေတယ်လေဗျာ....။
သွားပါရစေတော့....။
ဆို့နင့်နေတဲ့ ဒီရင်ဘတ်က မွန်းကျပ် ပြည့်သိပ်နေတဲ့ ခံစားမှု....
နှာဖျားက ခက်ခက်ခဲခဲ ရှူရှိုက်ရတဲ့ oxygenနဲ့ မလုံလောက်ဘဲ ရင်ဘတ်တို့က မို့မောက်ကာ မောပန်းတကြီး ရှင်သန်နေရချိန်....
ဖွင့်ဟထားသည့် ဖြူဖျော့ဖျော့ နှုတ်ခမ်းပါးမှသည် မပျောက်ကွယ်သေးသော အသိစိတ်တို့ထိ တောင့်တနေမိတာ....
ကျွန်တော့်အတွက် နောက်ဆုံးချိန် ခင်ဗျား ရောက်လာလေမလား....

နောက်ဆုံးအချိန်လေးဖြစ်ဖြစ် အမှန်တိုင်း ဖွင့်ဟ,ဝန်ခံချင်တယ်လေဗျာ....

တစ်သက်လုံး ဖွင့်မပြောခဲ့ရတဲ့ ဒီရင်ဘတ်ထဲမှာ မြှုပ်နှံထားရတဲ့ စကားကို ဖွင့်ဟခွင့် ရချင်သေးတယ်....

အခွင့် ရှိမယ်ဆိုရင် ငယ်ငယ်ကတည်း တွယ်တာခဲ့ရသည်မှစ မြတ်နိုးမိသည့် တစ်စုံတစ်ရာ၊ ပျော်မွေ့ခဲ့ရသည့် ခင်ဗျား ပုံရိပ်တို့ ပြည့်လွှမ်းနေသော အခန်းငယ်လေး၊ ကိုယ်တိုင်ရေးသီမိသည့် ချစ်ခြင်းတရားတို့အကြောင့် ခင်ဗျားမျက်ဝန်းလှလှကို ငေးကြည့်ပြီး ပြောပြချင်သေးတယ်....။

End Of The Everything(Z+U)Where stories live. Discover now