ခက်ခဲခဲ့တဲ့အချိန်တွေကို ပြန်မတွေးချင်လောက်အောင် အတိတ်က ခါးသီးခြင်းတွေနှင့် ပြည့်နှက်ခဲ့သည်။
"ကိုယ် သူ့ကို သိပ်ချစ်တာ...."
အဝေးကို ငေးပြီး ဘာမှရှိမနေသည့် ဗလာနယ်မှာ သူ့မျက်နှာကို မြင်ယောင်ကာ ပြောခဲ့မိသည်။
ဘေးမှာ ရှိနေရက်နဲ့ ဖွင့်ဟဝန်ခံခွင့်မရှိတာ ဝဋ်တစ်မျိုးလား....။ကိုယ်ရွေးချယ်ခဲ့တာ မင်းမဟုတ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ် Hyunရယ်...။
ကိုယ့်နှလုံးသားကို စတေးခဲ့ရတဲ့အတွက် ခံစားရမှာက ကိုယ်တစ်ယောက်တည်းပါ...။
ချစ်ခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်။
ဖြူစင်နေတဲ့ မင်းကို အရောင်ဆိုးဖို့ ကြံရွယ်ခဲ့မိတာကြောင့် တောင်းပန်ပါတယ်။Baekhyunee တဲ့။
ကိုယ့်ရင်ထဲမှာ တကယ်ခေါ်ချင်ခဲ့တာ အဲ့ဒီအမည်နာမ,မဟုတ်တာ သေချာပါတယ်။ အရင်က Hyungလို့ ခေါ်တတ်တဲ့ ကလေးကိုတော့ ကိုယ့်အလိုကျ နာမ်စား သတ်မှတ် ခေါ်ဝေါ်ခိုင်းခဲ့ပေမယ့် ကိုယ်တိုင်ကတော့....။တရားဝင် သက်ဆိုင်မှု မရှိပေမယ့် တစ်ခါတစ်ရံ ဆုပ်ကိုင်ခဲ့ရတဲ့ လက်ဖဝါးတို့ကို ဘယ်လောက်မြတ်နိုးရလဲ ဆိုတာ ကိုယ်တိုင်သာ အသိ။
သေချင်လောက်အောင် စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိ ထိုးကျနေတယ် Hyunရယ်....။
ပိုင်ဆိုင်ခွင့် မရှိလို့ စွန့်လွှတ်မယ် စိတ်ကူးတော့ ဒီရင်ဘက်က နာတယ်။
အသက်ရှင်နေရတာ ပင်ပန်းလွန်းတယ်။
မပိုင်ဆိုင်နိုင်မှန်း သိရက်နဲ့ ငေးကြည့်နေရတဲ့ ဘဝက ဆိုးလိုက်တာ။
ဒီတိုင်း ဘေးနားရှိနေခွင့်အတွက် Ommaတို့ တောင်းဆိုတာက ၂၅နှစ်မကျော်မှီ အိမ်ထောင်ပြုဖို့။
Ommaတို့တော့ မသိပေမယ့် နှလုံးသား မရှိတော့တဲ့ ဗလာသက်သက် ခန္ဓာကိုယ်ကို ပေးအပ်ဖို့ တစ်ဖက်မိန်းကလေးကိုတော့ အားနာပါရဲ့...။
အပြစ်မရှိတဲ့ သူကို အသုံးချမိသလို ဖြစ်ခဲ့ပေမယ့် နောက်ဘဝမှ ပြန်ပေးဆပ်မယ် Hyun။တချို့ညတွေမှာ အေးစက်ခြင်းတွေနဲ့အတူ တံခါးတစ်ချပ်ခြားပြီး ပူဆွေးနေခဲ့ရတဲ့ နှလုံးသားတွေရဲ့ တရားခံက ကိုယ်တိုင်သာ။
ကိုယ့်တစ်ယောက်တည်းကို ခင်တွယ်ပြီး စွဲလမ်းနေမှန်း အစောကတည်းက သိခဲ့တယ်။ ဒီ့ထက်ပိုပြီး မခံစားစေချင်ရုံပါ။
မေ့သွားနိုင်ပါစေ၊ခံစားချက်တွေ ပိုမလာပါစေနဲ့ လို့ တောင်းဆုပြုရုံကလွဲလို့....။
မနီးစပ်နိုင်တဲ့ လူနှစ်ယောက်အတွက် ကိုယ် ခံစားရရုံနဲ့ လုံလောက်ပါပြီ။
YOU ARE READING
End Of The Everything(Z+U)
Fanfictionတစ်နေ့နေ့တော့ အရာအားလုံး ပြီးဆုံးသွားတဲ့ နေ့ဆိုတာ ရှိကို ရှိလာမှာပါ...။ အဲ့ဒီ့နေ့ကို ကျွန်တော် စောင့်နေတယ်...။ ခင်ဗျားအပေါ်ထားရှိခဲ့တဲ့ လွဲမှားတဲ့ ချစ်ခြင်းတွေရဲ့ အဆုံးသတ်ကိုရောပေါ့....။ .....(30.10.2019)-(27.1.2020)..... တစ်နေ့နေ့တော့ အရာအားလုံး ပြီ...