2

2.2K 176 0
                                    

ကိုယ့်နေရာကို သေချာ မသိပါဘဲ...သူ့ဘေးနားရှိနေရရုံနဲ့ ကျေနပ်ခဲ့ဖူးတယ်.....

*******************

မနက်စောစောchanမနိုးမီ ထပြန်လာခဲ့ရသည်..။ ခြေတစ်လှမ်းတိုင်းက အသည်းခိုက်လုမတတ်နာကျင်မှုတွေနှင့်...အခုချိန် ကိုယ့်ပုံစံကိုယ် ပြန်ကြည့်ချင်စိတ်ပင်မရှိ။နီရဲဖူးယောင်ကာ ပေါက်ပြဲနေသော နှုတ်ခမ်းသားများ၊ နီညိုပုပ်ရောင်ပေါက်နေသော ကိုက်ခဲရာများက ခန္ဓာကိုယ်အနှံ့အပြား....
ကြယ်သီးတွေ အစုံမရှိတော့တဲ့ အင်္ကျီလေးကို ရင်ဘတ်ကနေ လက်ဖြင် ဆွဲစုကာ ကိုင်ထားရသေးသည်....။

ကျွန်တော့်အခန်းဆီပြန်ရောက်ပြန်တော့ လူက မလှုပ်ရှားနိုင်လောက်အောင်....နာကျင်မှု ဝေဒနာ ဟူသရွေ့ ကိုယ့်ဆီမှာပဲ စုနေသလို....ကိုယ်လက်တွေ ကိုက်ခဲလာကာ ခေါင်းတစ်ခုလုံးလည်း အုံခဲလာတာကြောင့် ဖျားတော့မည် ထင်သည်...။

.
.
.
"baekhyunya...နေမကောင်းဘူးလား...ဒါတွေကရော...အကောင်ကိုက်တာလား...allergicထတာလား...."

လက်ကောက်ဝတ်မှ အညိုအမဲစွဲနေသော အရာများ၊ လည်တိုင်တွင်သာမက လက်မောင်းရင်းတွေထိ နီညိုရောင် အကွက်များ......
အဲ့တာတွေက ချစ်ရသူပေးထားတဲ့ နာကျင်မှုတွေ...
သူ နည်းနည်းလေးတောင် မမှတ်မိတာလား....အင်းပေါ့လေ...တကယ်တမ်းဖြစ်ခဲ့တာကို မှတ်မိရင်တောင် SeoAhနဲ့ ဖြစ်ခဲ့တာလို့ပဲ ထင်မှာပေါ့...
အပြစ်မဆိုရက်ပါ....ကိုယ်က ချစ်နေရသူမို့.....

"allergicဖြစ်တာထင်တယ်..."

"အဆင်ပြေရဲ့လား ....ကိုယ် ဆေးခန်းလိုက်ပို့ပေးရမလား...."

ရပါပြီ...တစ်ဖက်သတ်အဖြစ်နဲ့တောင် ဒီလောက် ရူးသွပ်စွဲလန်းနေရတာ...ဒီ့ထက်ပိုပြီး အရူးမရင့်မီ....ဂရုစိုက်တဲ့ အရိပ်အယောင်လေးတောင် မပြပါနဲ့...ကျွန်တော့်ကို နည်းနည်းလောက် သနားမယ်ဆိုရင်ပေါ့....

"ရပါတယ်...chanရယ်....ကျွန်တော် အဆင်ပြေပါတယ်..."

"မပေါ့ဆနဲ့နော် baekhyun...မသက်သာရင် ပြော.."

စိတ်ပူပန်ပေးနေလား မသိပေမယ့် နှုတ်ဖျားက အရေးတယူ ဂရုစိုက်ဖို့ ပြောသည်ဆိုရုံနဲ့ ကျွန်တော့်ကမ္ဘာမှာ သာယာနေပါပြီ။အချစ်က အဲ့သလောက်တောင် စွမ်းရသလား။မဟုတ်ဘူး...ခင်ဗျားက ကျွန်တော့်အပေါ် အဲ့သလောက်တောင် လွှမ်းမိုးနိုင်ရလား......
.
.
.

End Of The Everything(Z+U)Where stories live. Discover now