21(final)

3K 133 4
                                    


"ဒီဘဝမှာ မရှင်သန်ချင်တော့လောက်အောင် ကိုယ်က မင်းကို ဆိုးဆိုးရွားရွား ခံစားစေခဲ့တာလား....
ဘာလို့ ထားခဲ့ဖို့ စဉ်းစားခဲ့တာလဲ...
ကိုယ် တကယ် စိတ်ဆိုးတယ်....
မင်းမရှိဘဲ မရှင်သန်နိုင်တဲ့ သူကို ထားခဲ့ဖို့ တွေးရက်ခဲ့တယ်နော်...."

စာရွက်ဖြူဖြူထက် ညီညီညာညာ လက်ရေးဖြင့် ရေးချ ဝန်ခံထားသော စကားလုံးတို့....
တချို့ နေရာတွေမှာ မှင်ပြန့်နေပုံက သည်စာကို ရေးနေသည့်အချိန် ခံစားရမှုကို သိသာစေသည်။
မျက်ရည်စက်လက်ဖြင့် တစုံတယောက်ထံ ဖွင့်ဟ,ဝန်ခံခွင့် မရှိသော စကားလုံးများကို သက်မဲ့ စာရွက်တို့ထက် ရေးသားနေပုံကို မြင်ယောင်မိကာ ရင်နာရပြန်သည်။

"ဒီနေ့ ဝမ်းသာစရာ သတင်းရယ်၊ ဝမ်းနည်းစရာ....Arrnyi ...ဝမ်းသာစရာ သတင်းပဲ ကြားခဲ့ရတယ်....
Chanအတွက် ကျွန်တော့်ရဲ့ ကျောက်ကပ်တစ်ခြမ်းက အသုံးပြုလို့ ရတယ်တဲ့....Chan ဘဝရဲ့ တစိတ်တပိုင်းကို ကျွန်တော် စွက်ဖက်ခွင့်ရလိုက်သလိုပဲ..."

မဖုံးမဖိနိုင်အောင် ပျော်ရွှင်နေဟန်ကို မြင်မိတော့ အောက်နှုတ်ခမ်းသားတို့ကို ကိုက်ခဲမိပြန်သည်။
ဒီရင်ဘက်က နာကျင်မှုကို မေ့လိုမေ့ငြားပေါ့။

"တဆက်တည်း သိလိုက်ရတာက ကျွန်တော့်မှာ brain tumourဖြစ်နေတယ်တဲ့...
အဟက်....
တော်သေးတာပေါ့....Chanရဲ့ မင်္ဂလာပွဲကို ရင်နာနာနဲ့ တက်ရောက်ရမယ် ထင်နေခဲ့တာ....
ကျွန်တော့်အတွက် ရင်ကွဲခံရမယ့် အခမ်းအနားကို ရှောင်လွှဲခွင့်ပေးတဲ့ အခွင့်အရေးလေး....
ခွဲစိတ်ကုသ,မယ်ဆိုရင်တောင် အောင်မြင်နိုင်ခြေက 20%တဲ့ Chanရဲ့....
ကျွန်တော် ခင်ဗျားကို တကယ်လက်လွှတ်လိုက်ရတော့မယ် ထင်ရဲ့...."

တောင်းပန်ပါတယ် Baekhyuneeရယ်...။
မင်းအချစ်နဲ့ မထိုက်တန်ခဲ့သူကို အရာအားလုံး ပုံအော ချစ်ပေးခဲ့တဲ့ အတွက်၊ ဒီအချစ်တွေကို လက်မခံနိုင်ခဲ့တဲ့အတွက် တကယ်တောင်းပန်ပါတယ်...။

ကိုယ့်ကြောင့်နဲ့....
မင်းအချစ်ကို ရဖို့ မထိုက်တန်တဲ့ ကိုယ်လို လူကြောင့် အားလုံးနဲ့ အဝေးဆုံးကို ထွက်ပြေးဖို့ထိ တွေးခဲ့တာလား Hyunရယ်...။

"Chan သိလား...
ကျွန်တော် ခေါင်းကိုက်တဲ့ ဝေဒနာက အရမ်းဆိုးရွားလာတာကိုလေ...
တခါတလေ အမြင်အာရုံတွေပါ ပြာဝေသွားတတ်တယ်...
အဲ့လိုချိန် ကျွန်တော် တွေးမိတာ တစ်ခုတည်း.....
ကျွန်တော် Chanနဲ့ ဝေးရတော့မှာလားလို့...
ဒါပေမယ့် အရင်ကလည်း နီးခဲ့တာ မဟုတ်တော့ ကိုယ့်အတွေး ကိုယ် ရယ်ချင်တယ်ဗျ...."

End Of The Everything(Z+U)Where stories live. Discover now