15

1.4K 107 0
                                    

ကိုယ့်ရောဂါ အခြေအနေက အတော်ကို ဆိုးနေပုံ။
ဘာ့ကြောင့်မှန်း မသိ၊ သူ မျက်နှာညိုးရုံနှင့် မနေနိုင် မထိုင်နိုင်။
ရင်ဘတ်ထဲက ပူလောင်မှုက ပြောမပြနိုင်အောင် ဆိုးရွားသည်။
မင်း မရှိရင် မဖြစ်။
မဟုတ်ဘူး။
မင်း စိတ်အလိုမကျရင်၊ မပျော်ရွှင်ရင် ဒီမှာ ကမ္ဘာတွေ ပျက်လို့။
.
.
.
"အဲ့ချိန်တုန်းက ကိုယ် တကယ် နေရခက်ခဲ့တာ သိလား...နေမကောင်းတာလား ဆိုပြီး စိတ်ပူရတာနဲ့၊ Hyun မကြိုက်တာ တစ်ခုခုများ လုပ်မိသလား တွေးပူရတာနဲ့ ....တကယ် ဆိုးတာပဲ...နေမကောင်းရင်လည်း ပိုဂရုစိုက်ပေးမယ်၊ စိတ်ဆိုးရင်လည်း ရအောင် ဖြေရှင်းမယ် ဆိုပေမယ့် ဘာဖြစ်လို့ ဖြစ်မှန်းမသိတော့ ကိုယ့်မာ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိဘူး"

အခုချိန်မှာ သူ့ကို ပြန်ပြောပြနေလို့သာ ရယ်ရယ်မောမော ပြောနိုင်တာ။
ခံစားခဲ့ရသော အချိန်တွေက တကယ် ဆိုးဆိုးရွားရွား။
ဘယ်လိုမှ နေမရ ၊ပူလောင် ကြောင့်ကြနေတဲ့ စိတ်။

အဲ့ဒီနေ့က Hyun မျက်နှာမကောင်းတာကြောင့် အိမ်ပြန်လိုက်ပို့တာတောင် ခပ်လှမ်းလှမ်းကနေ အသာမှေးပြီး လိုက်ပို့ရသည်။သူစိတ်အခြေအနေ မကောင်းတဲ့ အချိန် ကိုယ့်ကို မြင်ရင် စိတ်ရှုတ်မှာ စိုးတာကြောင့်။
စိတ်နဲ့ကိုယ် မကပ်တော့ဘဲ တစ်ညနေလုံး Hyunတို့ အိမ်ရှေ့မှာပဲ အချိန်ကုန်ခဲ့သည်။ဘာကို စိတ်လေးလို့ လေးနေမှန်း မသိ။

ညနေမှောင်ရိပ်သမ်းနေသည့် နေဝင်ရီတရော အချိန်မှာ ခြေလှမ်းတို့က အိမ်အပြန်လမ်းဆီ ဦးတည်ခဲ့ရသည်။
ကျောင်းမှာ မသာယာခဲ့သည့် ရာသီဥတုက အိမ်ပြန်ရောက်တော့မှ မုန်တိုင်းပါ တိုက်ခတ်မည့် ဟန်။
အရင်ကလည်း ဦးလေးနှင့် ကျွန်တော် နှစ်ယောက်တည်း ရှိတဲ့ အိမ်ဆိုပေမယ့် အေးချမ်းတိတ်ဆိတ်နေရုံသာ။
အိမ်ထဲဝင်လိုက်တာနဲ့ အေးစက်စက် အငွေ့အသက်က လူတစ်ကိုယ်လုံးကို ရစ်သိုင်း လွှမ်းခြုံသွားသည်။

ဦးလေးလည်း ပြန်မရောက်သေးဘူးထင်။အလုပ်ဆင်းတာ အမြဲနောက်ကျသည့် ဦးလေးက ကျွန်တော့်ကို အစစ အရာရာ လိုက်မကြည့်နိုင်။

မီးဖိုခန်းထဲ ဝင်ကာ ရေတစ်ခွက် သောက်ပြီးမှ အပေါ်ထပ် အခန်းဆီ တက်လာခဲ့သည်။
အခန်းတံခါး ဖွင့်ဖွင့်ခြင်း မြင်လိုက်ရတာက မတွေ့တာကြာနေပြီဖြစ်သည့် Omma မျက်နှာ။
ပျော်ရွှင်မှုက နှိုင်းဆ မရ။
ကျောင်းပိတ်ရက် ခဏလောက်သာ အလည်သဘောမျိုး ပြန်ရသည့် မွေးရပ်မြေမှ မိသားစုကို တကယ် လွမ်းဆွတ်ပါသည်။

End Of The Everything(Z+U)Where stories live. Discover now