.
.
.
ကိုယ္တိုင္ မသိလိုက္ရဘဲ ေလၽွာက္လွမ္းေနမိတဲ့ ေျခလွမ္းေတြက ခင္ဗ်ားဆီကို ဦးတည္ေနသတဲ့လား....။နာက်င္ရမွန္း သိရက္နဲ႔ေတာ့ ေရွ႕ဆက္တိုးဖို႔ ေရြးခ်ယ္ခဲ့မယ္ မထင္ပါဘူး။
ျမတ္ျမတ္ႏိုးႏိုး ေငးၾကည့္ေနရရံုနဲ႔ ေက်နပ္ေလာက္ၿပီ ထင္ခဲ့မိေပမယ့္ အတၱေတြ စြက္ေနတဲ့ ပုထုဇဥ္ လူသားေပမို႔
ေရွ႕မဆက္သင့္တဲ့ လမ္းကို ဆက္ေလၽွာက္ေနမိရံု...၊
ရုန္းထြက္ရခက္တဲ့ ႏြံမွန္း သိရက္နဲ႔ ေမြ႕ေပ်ာ္ေနမိရံု...၊
မွားယြင္းတဲ့ ေရြးခ်ယ္မႈဆိုေပမယ့္ ေနာင္တ မရမိရံု...၊
စိတ္ကူး အိပ္မက္တစ္ခ်ိဳ႕နဲ႔ ယဥ္ယဥ္ေလး ရူးခဲ့မိရံု...၊
ေႏြးေထြးတဲ့ ေက်ာျပင္က်ယ္ကို ခဏတာျဖစ္ျဖစ္ တြယ္ဖက္ဖူးခ်င္ရံု...၊
ရင္ေငြ႕ေႏြးေႏြးကို ခိုလွံဳဖူးခ်င္ရံု...၊
ကိုယ့္လက္ဖ်ားေတြကို ဆုပ္ကိုင္ေပးေစခ်င္ရံု...၊
မ်က္ႏွာေတာ္ကို အျမဲ ေမာ္ဖူးခြင့္ ရခ်င္မိရံု...
ေလာဘ အနည္းငယ္ တက္ခဲ့မိတယ္။သူ႔မ်က္ဝန္းေတြကို
ဟိုး.....ခပ္လွမ္းလွမ္းကေန ေငးၾကည့္ရတာကိုႀကိဳက္တယ္...။
သူ႔ႏႈတ္ခမ္းဖ်ားေလးေတြ ေကာ့တက္သြားကို ခ်စ္တယ္....။
ထင္းေနတဲ့မ်က္ခံုးတန္းတန္းကိုခ်စ္တယ္...။
စိတ္မၾကည္လို႔ မ်က္ေမွာင္ၾကဳတ္ေနတဲ့အခါ အဲ့မ်က္ခံုးတန္းေလးေတြကို ေျဖေလၽွာ့ေပးခ်င္တဲ့အထိ အူယားတယ္...။
ၾကည္လင္ေနတဲ့ မ်က္ဝန္းလက္လက္ကို ခ်စ္တယ္...။
အလိုမက်သလို စူးစိုက္ၾကည့္တာကို မက္ေမာတယ္....။
က်ယ္ျပန္႔တဲ့ေက်ာျပင္ကို ေငးၾကည့္ေနရလည္း အဆင္ေျပတယ္....။တစ္ပါးသူ ပိုင္ဆိုင္တဲ့ ခင္ဗ်ားကို တြယ္ၿငိတပ္မက္တာ မျဖစ္သင့္မွန္း သိေပမယ့္ ျဖတ္ေတာက္ရခက္တဲ့ အရာေတြထဲမွာ အခ်စ္ဆိုတာ ပါဝင္ေနေလရဲ႕...။
ဘဝမွာ ေပ်ာ္ရႊင္ဖြယ္ရာ အမွတ္တရထက္ နာက်င္ခံစားခဲ့ရတဲ့အျဖစ္အပ်က္ေတြကို ပိုၿပီး သတိရတတ္တယ္တဲ့.....။
ဒါဆို ကြ်န္ေတာ္ ခင္မ်ားနဲ႔ရွိခဲ့ဖူးတဲ့ ေပ်ာ္ရႊင္စရာ အမွတ္တရေတြကို သတိလက္လြတ္ေမ့သြားတာမွ မဟုတ္ဘဲ.....
ကြ်န္ေတာ္တို႔ၾကားမွာ ၾကည္ႏူးစရာအမွတ္တရဆိုတာ ရွိကိုမရွိခဲ့တာပါ......။End of Baek'POV
Unicode
.
.
.
ကိုယ်တိုင် မသိလိုက်ရဘဲ လျှောက်လှမ်းနေမိတဲ့ ခြေလှမ်းတွေက ခင်ဗျားဆီကို ဦးတည်နေသတဲ့လား....။နာကျင်ရမှန်း သိရက်နဲ့တော့ ရှေ့ဆက်တိုးဖို့ ရွေးချယ်ခဲ့မယ် မထင်ပါဘူး။
မြတ်မြတ်နိုးနိုး ငေးကြည့်နေရရုံနဲ့ ကျေနပ်လောက်ပြီ ထင်ခဲ့မိပေမယ့် အတ္တတွေ စွက်နေတဲ့ ပုထုဇဉ် လူသားပေမို့
ရှေ့မဆက်သင့်တဲ့ လမ်းကို ဆက်လျှောက်နေမိရုံ...၊
ရုန်းထွက်ရခက်တဲ့ နွံမှန်း သိရက်နဲ့ မွေ့ပျော်နေမိရုံ...၊
မှားယွင်းတဲ့ ရွေးချယ်မှုဆိုပေမယ့် နောင်တ မရမိရုံ...၊
စိတ်ကူး အိပ်မက်တစ်ချို့နဲ့ ယဉ်ယဉ်လေး ရူးခဲ့မိရုံ...၊
နွေးထွေးတဲ့ ကျောပြင်ကျယ်ကို ခဏတာဖြစ်ဖြစ် တွယ်ဖက်ဖူးချင်ရုံ...၊
ရင်ငွေ့နွေးနွေးကို ခိုလှုံဖူးချင်ရုံ...၊
ကိုယ့်လက်ဖျားတွေကို ဆုပ်ကိုင်ပေးစေချင်ရုံ...၊
မျက်နှာတော်ကို အမြဲ မော်ဖူးခွင့် ရချင်မိရုံ...
လောဘ အနည်းငယ် တက်ခဲ့မိတယ်။သူ့မျက်ဝန်းတွေကို
ဟိုး.....ခပ်လှမ်းလှမ်းကနေ ငေးကြည့်ရတာကိုကြိုက်တယ်...။
သူ့နှုတ်ခမ်းဖျားလေးတွေ ကော့တက်သွားကို ချစ်တယ်....။
ထင်းနေတဲ့မျက်ခုံးတန်းတန်းကိုချစ်တယ်...။
စိတ်မကြည်လို့ မျက်မှောင်ကြုတ်နေတဲ့အခါ အဲ့မျက်ခုံးတန်းလေးတွေကို ဖြေလျှော့ပေးချင်တဲ့အထိ အူယားတယ်...။
ကြည်လင်နေတဲ့ မျက်ဝန်းလက်လက်ကို ချစ်တယ်...။
အလိုမကျသလို စူးစိုက်ကြည့်တာကို မက်မောတယ်....။
ကျယ်ပြန့်တဲ့ကျောပြင်ကို ငေးကြည့်နေရလည်း အဆင်ပြေတယ်....။တစ်ပါးသူ ပိုင်ဆိုင်တဲ့ ခင်ဗျားကို တွယ်ငြိတပ်မက်တာ မဖြစ်သင့်မှန်း သိပေမယ့် ဖြတ်တောက်ရခက်တဲ့ အရာတွေထဲမှာ အချစ်ဆိုတာ ပါဝင်နေလေရဲ့...။
ဘဝမှာ ပျော်ရွှင်ဖွယ်ရာ အမှတ်တရထက် နာကျင်ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေကို ပိုပြီး သတိရတတ်တယ်တဲ့.....။
ဒါဆို ကျွန်တော် ခင်များနဲ့ရှိခဲ့ဖူးတဲ့ ပျော်ရွှင်စရာ အမှတ်တရတွေကို သတိလက်လွတ်မေ့သွားတာမှ မဟုတ်ဘဲ.....
ကျွန်တော်တို့ကြားမှာ ကြည်နူးစရာအမှတ်တရဆိုတာ ရှိကိုမရှိခဲ့တာပါ......။End of Baek'POV
YOU ARE READING
End Of The Everything(Z+U)
Fanfictionတစ္ေန႔ေန႔ေတာ့ အရာအားလံုး ၿပီးဆံုးသြားတဲ့ ေန႔ဆိုတာ ရွိကို ရွိလာမွာပါ...။ အဲ့ဒီ့ေန႔ကို ကြ်န္ေတာ္ ေစာင့္ေနတယ္...။ ခင္ဗ်ားအေပၚထားရွိခဲ့တဲ့ လြဲမွားတဲ့ ခ်စ္ျခင္းေတြရဲ႕ အဆံုးသတ္ကိုေရာေပါ့....။ .....(30.10.2019)-(27.1.2020)..... တစ်နေ့နေ့တော့ အရာအားလုံး ပြီ...