4

1.9K 153 4
                                    

ဘဝမှာ တစ်စုံတစ်ယောက်အတွက် တစ်စုံတစ်ခုကို သေချင်မတတ် လုပ်ပေးချင်ပေမယ့် ဘာမှ မတတ်နိုင်သည့် အချိန်အခါမျိုး..။

*****************

"လူနာရဲ့ ကျောက်ကပ်က တစ်ခုလုံး ပျက်စီးနေပြီ..."

"ဗျာ..."

မယုံကြည်နိုင်သော အံ့ဩ ထိတ်လန့်မှု က တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေသည်။

ဆရာဝန်ကြီးက သက်ပြင်းတစ်ရှိုက်နှင့် ခေါင်းကို ဖြည်းညင်းစွာ တစ်ချက်ငြိမ့်ပြီးမှ ဆက်ပြောလာသည်။

"ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ အဆိပ်တောက်တွေ၊အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်။red blood cellsတွေ ထုတ်လုပ်ပေးခြင်းကို လှုံ့ဆော်ပေးတဲ့hormoneတွေကိုလည်း ကျောက်ကပ်ကပဲ ထုတ်လုပ်ပေးတယ်။သွေးဖိအားနဲ့ သွေးလည်ပတ်မှု ထိန်းညှိဖို့လည်း ကူညီပေးတယ်။
ဒီလောက်ဆို လူ့ခန္ဓာကိုယ်မှာ ကျောက်ကပ်က ဘယ်လောက်အရေးကြီးလဲ ဆိုတာ သိမှာပါ။ အချိန်မှီ ခွဲစိတ်ကုသနိုင်ရင်တော့ စိုးရိမ်စရာ မရှိပေမယ့် ဒီတိုင်းထားမယ်ဆို ဆရာတို့လည်း မကယ်နိုင်တော့ဘူး.."

ဘာစကားမှ ပြောမထွက်နိုင်တော့ဘဲ ဆွံ့အ,လျက်..

"ခွဲစိတ်ကုသတာ...ဆရာ ခွဲစိတ်ကုသရင် ပြန်ကောင်းနိုင်တယ်ပေါ့နော်.."

"အဲ့တာက အစားထိုးမယ့် ကျောက်ကပ်အလှူရှင်ရှိနေမှပါ။ အလှူရှင်နဲ့ လူနာက Blood test,infection screening,heart lung test,kidney liver test, tissue typing နဲ့ cross match စတာတွေ တူညီမှသာ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသလို့ရမယ်....
အတတ်နိုင် လူနာရဲ့ မိသားစုထဲမှာ ကျောက်ကပ်အလှူရှင် ရှိမလား အမြန်စုံစမ်းပြီး ခွဲစိတ်ကုသဖို့ပဲ အကြံပေးနိုင်တယ်.."

"ဆရာ အချိန် ဘယ်လောက်များ ကျန်သေးလဲ .."

"မြန်နိုင်သမျှ မြန်မြန်ခွဲစိတ်ရင် ပိုကောင်းမယ်။ လူနာရဲ့ ခံနိုင်ရည်အားက အလွန်ဆုံး ၂လလောက်ပဲ အချိန်ရှိတော့မယ်.."

"ဟုတ်ကဲ့...ဆရာ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်.."

ခေါင်းငိုက်စိုက်ချကာ ဆေးရုံခန်းထဲ ပြန်လာပြန်တော့ လူနာကုတင် မှေးစက်နေသော chanနှင့် chanရဲ့ ဆေးမသွင်းထားသော လက်တစ်ဖက် ဆုပ်ကိုင်ရင်း စိုးရိမ်ပူပန်နေသော SeoAh..။

End Of The Everything(Z+U)Where stories live. Discover now