"နင့်ကို စဉ်းစား ဆုံးဖြတ်ဖို့ အချိန်ပေးမယ်...၊ တကယ် ရင်လေးရပါလား...၊နင့်ကို ချီပိုး ထိန်းကျောင်းခိုင်းခဲ့တဲ့ ငါ့သားနဲ့ သမီးကိုပါ နင့်လို စိတ်ဓာတ်မျိုး ပါသွားရင် ငါရင်ကျိုးရချည်ရဲ့...."ရင်ထုမနာ ငိုကြွေးနေရင်း ပြောဆိုစွပ်စွဲနေတဲ့ စကားတွေက ဒီရင်ကို သွေးစိမ်းရှင်ရှင် ထွက်စေတယ်ဆိုတာ Omma စဉ်းစားမိပါရဲ့လား။
ယောက်ျားတစ်ယောက်ကို ချစ်မိရုံနဲ့ အရင်က လိမ္မာခဲ့သမျှ ချီးကျူး ဂုဏ်ပြုပေးခဲ့သမျှက ရေစုန်မျောခဲ့ပြီ။
မွေးထားတဲ့ သားသမီး သုံးယောက်ထဲက ကိုယ့်ကိုပဲ ခွဲထွက်စေကာ ကိုယ့်ကြောင့် အငယ်နှစ်ယောက်ကို ထိခိုက်စေမှာ စိုးပါသတဲ့။
သားကောင်းတစ်ယောက် မပီသခဲ့ဘူးလား။အစ်ကိုကြီးတစ်ယောက်အဖြစ် အနည်းငယ်မျှတောင် လေးစားမှု မခံယူထိုက်တော့ဘူးလား။ကိုယ့်ရင်ခုန်သံတွေ လှိုက်ခုန်နေတဲ့ အကြောင်းအရင်းက ယောက်ျားလေးတစ်ယောက်ဆိုတဲ့အဖြစ်ကို လက်ခံလိုက်တာ အပြစ်မြောက်သတဲ့လား။
.
.
.
."Hyung....မျက်နှာလည်း မကောင်းဘူး ...ဘာဖြစ်လို့လဲ...ဒီနေ့ ကျွန်တော့်ကို လာမခေါ်တာ နေမကောင်းလို့လား..."
တတ်လည်း တတ်နိုင်ပါပေ။
အရင်နေ့ကတော့ စူပုတ်နေပြီး ကိုယ့်ကို စကားအကောင်း ပြန်မပြောသည့် ကောင်လေးက အခုတော့ ကိုယ့်ကို ပြန်စိတ်ပူနေပြန်သည်။"Chan..."
"ဗျာ...."
"Chanလို့ပဲ ခေါ်တော့..."
မသိနားမလည် ဖြူဖြူစင်စင် မျက်ဝန်းလေးတွေ။ကိုယ် ရင်နာလိုက်တာ။
"Hyungလို့ ခေါ်တာ နည်းနည်း စိမ်းသလိုပဲ...အဲ့တာကြောင့် Chanလို့ပဲ ခေါ်..."
"ဟုတ်..."
အဝေးကို ငေးနေသည့် Hyungက ဒီနေ့မှ အရမ်းငြိမ်နေသလို။
မို့အစ်နေတဲ့ မျက်ခွံတွေရယ်၊ မျက်သားတို့က နီချင်ချင်။
Hyung ဘာစိတ်ညစ်စရာတွေများ ရှိနေလို့လဲ။"ကိုယ် ခွင့်လာတိုင်တာ၊ နယ်ကို ပြန်ဖို့..."
ဒါဆို ကျောင်းဖွင့်ရက်တွေမှာ ကျွန်တော် တစ်ယောက်တည်း ဖြစ်နေမှာပေါ့။
YOU ARE READING
End Of The Everything(Z+U)
Fanfictionတစ်နေ့နေ့တော့ အရာအားလုံး ပြီးဆုံးသွားတဲ့ နေ့ဆိုတာ ရှိကို ရှိလာမှာပါ...။ အဲ့ဒီ့နေ့ကို ကျွန်တော် စောင့်နေတယ်...။ ခင်ဗျားအပေါ်ထားရှိခဲ့တဲ့ လွဲမှားတဲ့ ချစ်ခြင်းတွေရဲ့ အဆုံးသတ်ကိုရောပေါ့....။ .....(30.10.2019)-(27.1.2020)..... တစ်နေ့နေ့တော့ အရာအားလုံး ပြီ...