ဖုန်းစခေါ်ကတည်း ရင်တွေ တစ်ဒိတ်ဒိတ်။ ommaဆီ ဖုန်းခေါ်တာပဲ။ ဒီလောက် စိတ်လှုပ်ရှာနေတာ ဖြစ်သင့်ရဲ့လား။
သေချာမှတ်ထားတာ မဟုတ်ပေမယ့် သတိထားမိတာက ကျွန်တော် ommaဆီကို တစ်ခါမှ ဖုန်းစ မခေါ်ဖူးကြောင်း။"Hello...."
ommaရဲ့ အသံချိုချိုက ရင်ထဲကို အေးဆင်းသွားသည်။
"omma...ကျွန်တော်..."
ဘာပြောရမှာလဲ...။ဒီတိုင်း ommaကို သတိရလို့ ဆက်တာလို့ ပြောဖို့ကို ရှက်နေသလို။အိုးတို့အန်းတန်းနှင့်။
"baek baek...ဘာလို့လဲ သားလေး ..နေမကောင်းဘူးလား..."
စိုးရိမ်မှုတွေ စွက်လာသည့် အမေးစကားကြောင့်
"မဟုတ်ပါဘူး....။ommaကို သတိရလို့..."
သေချာတာ တစ်ခုက ကျွန်တော့်အသံ တိုးတိမ်နေမှာပင်။
"သား နေရော ကောင်းရဲ့လား...။ ပုံမှန်ဆို နေမကောင်းတဲ့ အချိန်လောက်ပဲommaကို သတိရတတ်တာ မဟုတ်လား..."
"ommaကလည်းဗျာ...။သတိရလို့ပါဆို..."
"ဟုတ်ပါပြီ သားရယ်...။omma တကယ် လွမ်းလိုက်ရတာကွယ်...။ သားလေး အားပါ့မလား၊ အလုပ်တွေ ရှုပ်နေမလား တွေးမိလို့ ဖုန်းမဆက်ပေမယ့် အမြဲတမ်းလိုလို လွမ်းနေတာ...
ommaတို့မှာ ဒီသားလေးတစ်ယောက် ရှိတာ အနားမှာ နေဖို့ ခေါ်လို့ကို မရတာကွယ်...""omma..."
ommaအသံတို့က ဝမ်းနည်းရိပ်စွက်ကာ တိုးတိမ်နေသည်မို့။
"နေပါကွယ်....သားလေး စိတ်ချမ်းသာသလို နေပါ။ommaတို့က အဆင်ပြေပါတယ်"
ရှိုက်သံအနည်းငယ်ရောလာသည်ကြောင့် အားတင်းနေသည့်ဟန်။
"omma......"
ဆက်ပြောရမည့် စကားတို့က လည်းချောင်းဝမှာပဲ တစ်ဆို့နေသည်။
နေပါစေတော့...။
စိတ်မချမ်းမြေ့စရာ ကိစ္စတွေက ကြိုတင်သိနေလည်း အကျိုးမှမရှိဘဲ။"ပြောလေ ...သားလေး"
"Arrnyi....ommaကိုရော၊appaကိုရော လွမ်းလို့...။ဒီကို ပြန်မလာတော့ဘူးလားဟင်..."
"လာချင်တာပေါ့ကွယ်...။ သား appaရဲ့ အလုပ်တွေကို ပစ်ထားခဲ့လို့မှ မရတာ"
YOU ARE READING
End Of The Everything(Z+U)
Fanfictionတစ်နေ့နေ့တော့ အရာအားလုံး ပြီးဆုံးသွားတဲ့ နေ့ဆိုတာ ရှိကို ရှိလာမှာပါ...။ အဲ့ဒီ့နေ့ကို ကျွန်တော် စောင့်နေတယ်...။ ခင်ဗျားအပေါ်ထားရှိခဲ့တဲ့ လွဲမှားတဲ့ ချစ်ခြင်းတွေရဲ့ အဆုံးသတ်ကိုရောပေါ့....။ .....(30.10.2019)-(27.1.2020)..... တစ်နေ့နေ့တော့ အရာအားလုံး ပြီ...