17

1.4K 101 8
                                    


မကြည်သာသော မျက်နှာထားတွေနှင့် ပြန်လာသည့် Ommaနဲ့ ကျွန်တော့်ကို နားမလည်နိုင်သော မျက်ဝန်းတွေနှင့် ကြည့်နေသည့် Appaကိုလည်း အကြောင်းစုံ ပြောပြချင်စိတ် အလျင်းမရှိ။
အခုချိန် တစ်ယောက်တည်း ဆိတ်ငြိမ်သည့် နေရာမှာပဲ နေချင်မိသည်။

Seoulမှာ ကျောင်းသွားတက်ရသည့် ကျွန်တော့်အတွက် Seoulမှာပဲ အနေများတာကြောင့် ဒီမှာ အခန်းသီးသန့်ရယ်လို့ ခွဲမထားသည့်အတွက် အလည်လာသည့်အခါ အငယ်ကောင် Jiminအခန်းမှာပဲ နေရသည်။
အဝတ်အစား အနည်းငယ် ထည့်လာသည့် ခရီးဆောင်အိတ်ကို အခန်းထောင့်မှာ ပစ်ချကာ ကုတင်ပေါ် မှောက်လျက်အနေအထားဖြင့် ခေါင်းအုံးဆီ မျက်နှာအပ်ထားမိသည်။

Hyunကို သတိရ၊တမ်းတစိတ်တို့က တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။
အခုချိန် ဘာတွေများ လုပ်နေမလဲ။
နေ့လည်စာစားချိန် ရောက်နေပြီဆိုတော့ အစားရော ကောင်းကောင်း စားရဲ့လား မသိ။
ထမင်းပုံမှန် မစားဘဲ၊ သရေစာတွေ အစားများသည့် Hyunက နည်းနည်းဆိုးချင်သည်။ဘေးမှ တတွတ်တွတ်ပြောမှသာ ထမင်းစားဖို့ သတိရတတ်သူ။
အတန်းဖော်တွေနဲ့ သင့်မြတ်ပေမယ့် စွဲစွဲလမ်းလမ်း ပေါင်းသင်းရသည့် သူငယ်ချင်း မရှိတာ ကျွန်တော်အသိ။
တစ်ယောက်တည်းများ ဖြစ်နေမလား။
အရင်က တစ်ယောက်တည်း ဖြတ်လတ်တက်ကြွနေတတ်တဲ့ ကလေးက ကျွန်တော်နဲ့ အနေကြာတာနဲ့အမျှ အကျင့်ပျက်ချင်လာသည်ကို သတိထားမိသည်။

အမြဲတမ်း တစ်ယောက်တည်း အိမ်ပြန်တတ်ပေမယ့် ကြာလာတော့ ကျောင်းဆင်းချိန်တိုင်း အိမ်ပြန်လိုက်ပို့ပေးသည့် ကျွန်တော့်ကို အတူပြန်ဖို့ ပြောတတ်လာသည်။တစ်ယောက်တည်း ကျောင်းလာတတ်သည့် Hyunက မနက်ကျောင်းသွားချိန်တိုင်း ကျွန်တော်အလာကို စောင့်ဆိုင်းတတ်လာသည်။
တစ်ခုခုဆို 'Hyungရော'ဆိုသည့် စကားကို နှုတ်က မချပြောတတ်နေခဲ့ပြီ။
ရင်းနှီးမှုအတိုင်းအတာ မြင့်တက်လာလို့ ပျော်ရမည်လား၊ ဖြတ်တောက်ရခက်သည့် ကြိုးတို့နှင့် ချည်နှောင်မိသည့်အတွက် နောင်တရ,ရမည်လား မသိတော့။

မနက်ခင်းရဲ့ အစတိုင်းက အပြုံးချိုချိုလေးနှင့် 'Hyungနဲ့ ကျောင်းသွားဖို့ စောင့်နေတာ ' ဟု ပြောတတ်သည့် ပါးလျလျ နှုတ်ခမ်းလေးတွေကို ကြည့်ကာ ရင်ခုန်ရခြင်းဖြင့် သက်ဝင်လှုပ်ရှားစေသည်။

End Of The Everything(Z+U)Where stories live. Discover now