6

1.8K 145 8
                                    


"baekhyun...နေသာရဲ့လား.."

လူနာ ကုတင်ထက် လှဲအိပ်နေရာမှ ခွဲစိတ်ခန်း ဝင်မည့်နေ့ကတည်းက မမြင်ခဲ့ရသော ကျွန်တော့်ရဲ့ chan..။
chanက နေမကောင်းရက်နဲ့ ကျွန်တော့်ကို လာကြည့်ပေးတာလား။

ခက်ထန်သည် ဟုလည်း မဆိုသာ၊ ဖော်ရွေ ကြည်သာနေသည်လည်း မဟုတ်။တည်တည်ကြည်ကြည် မျက်နှာထားက ခန့်မှန်းရ ခက်လွန်းသည်။

"chan..."

သိသိသာသာ ရှောင်လွှဲနေသည်လား မပြောတတ်ပေမယ့် ရောက်စကတည်းက မဆုံဖြစ်သည့် အကြည့်ချင်းက 'chan 'လို့ ခေါ်လိုက်မှ ကိုယ့်မျက်လုံးတွေထဲ စိုက်ကြည့်သွားသည့် သူ့အကြည့်တွေမှာ အရောင်တစ်မျိုးမျိုးရှိနေသလို လက်ဖြာသွားသည်။
နူးညံ့မှုတွေ သက်ဝင်သွားသလို။
စိတ်ထင်လို့ ဖြစ်မှာပါ။

"chan...တကယ်ဆို chanနေမကောင်းတာ ကျွန်တော် လာကြည့်ရမှာကို..."

"ရပါတယ်...ကိုယ်က သက်သာနေပြီ...baekhyunက ဘယ်လိုဖြစ်တာလဲ.."

"အာ...ကျွန်တော်က ရိုးရိုးနေမကောင်းဖြစ်တာပါ။ အားနည်းလို့တဲ့..."

"ဖြစ်မှာပေါ့...အစားလည်း ကောင်းကောင်းမစား။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုမှမစိုက်..."

မကြည်သာသလို ခပ်ရွဲ့ရွဲ့အပြောနှင့် ။ မသိလျှင် စကားနာထိုးနေသလို။
ဒါပေမယ့် ဒါက အခု ကျွန်တော့်ကို စိတ်ပူလို့ ပြောလိုက်တာလား။

"ကျွန်တော် ဂရုစိုက်ပါတယ်ဗျာ...၊ chanရော ဆေးရုံ ဘယ်နေ့ ဆင်းရမယ်တဲ့လဲ၊ ခွဲထားတဲ့ နေရာကရော နေရတာ အဆင်ပြေရဲ့လား..."

ပြောစကား နားမထောင်သည့် ကလေးတစ်ယောက် သူ့ကို ဆူမည်စိုး၍ စကားလမ်းကြောင်းလွှဲနေသလို။
ဘာဆက်ပြောနိုင်တော့မည်လဲ။

"နောက်၃၊၄ရက်ဆို ဆင်းလို့ရပြီ ပြောတယ်၊ ဆေးရုံဆင်းပြီး တစ်ပတ်လောက်ရှိရင် ချုပ်ရိုးလာဖြည်ရမယ်တဲ့"

"ကောင်းတာပေါ့...ဆေးရုံက မြန်မြန်ဆင်းရတော့..."

"ကိုယ် နေရတာ အဆင်ပြေပါတယ်၊Seoကလည်း ကိုယ့်ကို ဂရုစိုက်ပေးတယ်လေ...."

ဟုတ်သားပဲ။ သူနဲ့ တွေ့ရင် ကျန်တာ ဘာကိုမှ အာရုံမရှိတော့သည့် စိတ်က SeoAhကိုတောင် မေ့နေခဲ့တာ။ တကယ်ဆို chanလို့ တွေးလိုက်တာနဲ့ ကပ်လျက် SeoAhကိုပါ တွဲမြင်သင့်သည်လေ။ သူတို့က သက်ဆိုင်သူတွေ မဟုတ်လား။

End Of The Everything(Z+U)Donde viven las historias. Descúbrelo ahora