Prologue

4.8K 137 1
                                    

" မင်း သွားသေသင့်ပြီ "

အသံပင်မထွက်အောင် ခြောက်ကပ်လွန်းလှသည့် သူ့လည်ချောင်းနဲ့ ပြတ်နေတဲ့လျှာက ... ဘာသံထွက်လာဦးမှာလဲလေ..

စကားမပြောခဲ့တာ ဘယ်လောက်ကြာပြီလဲ .. နှစ်ပေါင်း ဆယ်သုံးနှစ်လား...

သူ့ကို ရွှယ်ယမ်ကိုယ်တိုင် လူသားတစ္စေအဖြစ် ရုပ်သေးရုပ်ပြောင်းပြီးကတည်းက သူ့အသိစိတ်တွေပျောက်ကာ နေလာခဲ့ရခြင်း...

အသိစိတ်ဝင်ဝင်ချင်း မျက်လုံးထဲ ဝင်လာတာက သူ့ကို ရှင်းချန်ကိုယ်တိုင် နောက်ကနေ ဓားနဲ့ထိုးလိုက်ခြင်း...

သူ့ဓားလေးကိုထိလိုက်ရရင် သိသွားမဲ့သူ့သူငယ်ချင်းရဲ့ အသိကို သူကိုယ်တိုင် အချိန်မီ မဖော်ပြနိုင်ခဲ့မှုတွေ ...

နောက်ဆုံး သူ့ရှေ့မှာတင် ကိုယ့်လည်ပင်းကိုယ်ဖြတ်ကာ သေသွားတဲ့ သူ့ရဲ့ သူငယ်ချင်းလေး ...

ဒီနေ့တော့ ဝေ့သခင်လေးနှင့်ဝမ်နင်း တို့ကြောင့် သူပြန်အသိဝင်ခဲ့ရပြီ ...

မင်းကြောင့် ငါ့သူငယ်ချင်း သေခဲ့ရတာ ..... မင်းကြောင့် ... မင်းသေသင့်နေပြီ ...

လက်တစ်ဖက်ပြတ်ကာ အသိစိတ်လွတ်ရယ်မောနေသော ရွှယ်ယမ် ...

ရယ်ထားဦး ... သူကိုယ်တိုင် ငရဲအတွက် ပို့ပေးမယ် ...

ဓားတစ်ဆုံး ထိုးဝင်သွားသည်အထိ ရွှယ်ယမ်က အပြုံးမပျက် ...

မင်းကိုမသတ်ချင်ပါဘူး ... မင်းက အရင် လုပ်ခဲ့တဲ့ အပြစ်တွေက များနေတာကိုး...

မြေပြင်ပေါ်လဲကျသွားတဲ့ ရွှယ်ယမ်ကိုထားခဲ့ကာ ... သုဘရာဇာအိမ်ကြီးဆီသို့ ပြန်လှမ်းလာခဲ့လိုက်တော့သည်။

အခေါင်းအတွင်း ငြိမ်ငြိမ်လေးလှဲနေပါသော သူငယ်ချင်း ရှောင်ရှင်းချန် ...

ငါ ... ငါမင်းအတွက် လက်စားချေခဲ့ပြီနော် ...

မင်းမကြိုက်မှန်းသိပေမဲ့ ငါလုပ်ခဲ့မိပြီ ...

မင်းပြန်မရှင်လာနိုင်တော့ဘူးဆိုတာသိနေပေမဲ့လည်း ... အချည်နှီးလုပ်ရပ်တွေ ငါလုပ်ခဲ့မိပြီ ...

ငါ့ကိုထဆူပါဦးလား ရှင်းချန်...

သူငိုင်နေတုန်းမှာပဲ .. ဝေ့သခင်လေးနှင့်လန်ဒုတိယသခင်လေးတို့ သူရှိနေရာ ရောက်လာခဲ့သည်။

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Where stories live. Discover now